ချောကလတ်အုန်းနို့ကျောက်ကျောကိုချောကလတ်အလွှာကို၁/၃နှင့်အုန်းနို့အလွှာကို၂/၃ဖြင်ပြုလုပ်ထားပါတယ်။တယ်လီဖုန်းအသေးတထုပ်ကိုရေ၁၅၀၀ml၊သကြား၃၀ကျပ်သားဖြင့်မိမိပြုလုပ်လိုသောကျောက်ကျောကိုချိန်ဆပြီးပြုလုပ်နိုင်ပါတယ်။
လိုအပ်သောပစ္စည်း
**********
(၁)ချောကလတ်အလွှာအတွက်
ကျောက်ကျောမှုန့် - ၁/၃ ပုံ
(တယ်လီဖန်းအသေးတထုပ် ၂၅ဂရမ်)
ချောကလတ် - ၂၀၀ ဂရမ်
သကြား - ၂ဇွန်း
ရေ - ၅၀၀ ml
(၂)အုန်းနို့အလွှာအတွက်
အုန်းနို့ခရမ် - ၃၀၀ ml
ရေ - ၇၀၀ ml
သကြား - ၃၀၀ ဂရမ် (၂၀ကျပ်သား)
ကျောက်ကျောမှုန့် - ၂/၃ပုံ
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) ချောကလတ်အလွှာအတွက်ရေ ၊ ချောကလတ်၊ သကြား၊ တို့ကိုအိုးတခုတွင်ထည့်ပြီးအရင်ကျိုပါ။
(၂)ပွက်ခါနီးတွင်ကျောက်ကျောမှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီးထည့်ပါ။
(၃)ဆူပွက်ပါမီးအနည်းငယ်ဖြင့်ကျောက်ကျောမှုန့်ပျော်အောင်မွေပေးပါ။
(၄)ကျောက်ကျောမှုန့်ပျော်ပါကအအေးခံမည့်ဘမ်းသို့ထည့်ပြီးအအေးခံထားပါ။
(၅)အအေးခံထားစဉ်အပေါ်အုန်းနို့လွှာအတွက်ပြင်ဆင်ပါ။
(၆)အိုးတခုဖြင့်ရေ၊အုန်းနို့၊ သကြားတို့ကိုရောပြီးကျိုပေးပါ။
(၇)ပူလာပါကကျောက်ကျောမှုန့်ကိုရေဖျော်ထည့်ပြီးမီးနည်းနည်းဖြင့်ဆူအောင်တည်ပါ။
(၈)ကျောက်ကျောမှုန့်ပျော်ပါကအအေးခံထားသောချောကလတ်အလွှာအပေါ်မှဇွန်းခံပြီးသာသာလေးလောင်းထည့်ကာအအေးခံ၍လိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Dry Raddish Pickle ရှမ်းပြည်မှာတော့မုန်လာဥချဉ်မုန်ညင်းချဉ်တို့ကိုအများအားဖြင့်ဆောင်းရာသီမှာပြုလုပ်ပြီးတနှစ်စာပြုလုပ်လေ့ရှိပါတယ်။ဆောင်းရာ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment