6 June 2015

မုန့်လက်ကောက်

မြန်မာမုန့်လက်ကောက်ကိုအနောက်တိုင်းမှူပြုထားတယ်ဘဲဆို
ပါတော့နော်။ :)
ပါဝင်ပစ္စည်း
******
ကောက်ညင်းမှုန့် - ၃၀၀ ဂရမ်
ဆန်မှုန့် - ၃ဇွန်း
ရေ - ၃၀၀ ml
Baking Powder - ၂ဇွန်း လ္ဘက်ဇွန်း
ဆား - အနည်းငယ်
နှမ်း - တစ်ပန်းကန်
ပြုလုပ်နည်း
******
ဇလုံတခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးနံ့အောင်နယ်ပေးပါ။ရေကိုဖြည်းဖြည်းဆီထည့်နှယ်ပါ။နှယ်ပြီးပါကတနာရီခန့်အဖုံးအုပ်ပြီးနှပ်ထားပါ။
မုန့်သားနှပ်ပါကမုန်လုံးတလုံးကို၂၅ဂရမ်အလုံးလေးများချိန်ထားပါ။မုန့်လုံးတလုံးဆီကိုပြားပြီးအလယ်အပေါက်လုပ်၍နှမ်းဖြင့်ကပ်ပြီးဆီပူတွင်ချကြော်ပါ။အရောင်ရပါကဆယ်ယူပြီးနှစ်သက်ရာ ထန်းလျက်ရည် ၊ပျားရည်၊ချောကလတ်ဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။။ ဆီပူတွင်ချကြော်ပါကအကြာကြီးမကြော်ရပါ။ဆီပေါ်ပေါလောပေါ်လာပြီးအရောင်ရလျှင်အမြန်ဆယ်ယူပါ။ပွင့်ပြီးဆီပူပေါက်မှာစိုးရိမ်လို့ပါ။ ဆီအိုးနှင့်အလှမ်းဝေးရာတွင်နေပါ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...