ပဲနှပ်ဆိုကြက်သွန်အနှစ်နဲ့ပဲအိုးကပ်ချက်ကြတာများပါတယ်။ ခုချက်ထားတာလေးက ပြုတ်ကြော်အချို လေးကို မဆလာအုပ်ပြီးနှပ်ထားတာပါ ။ ဟင်း တွေနဲ့ အီနေသူတွေအတွက် ၊ အနှစ်မကြိုက်သူတွေအတွက်တော့ အဆင်ပြေပါတယ်
ပါဝင်ပစ္စည်းများ
********
ပဲလိပ်ပြာ ၂ဘူး
ဆီ ၃ဇွန်း
ကြက်သွန်နီ ၁လုံး
ကြက်သွန်ဖြူ ၆မွှာ
ဂျင်း လက်တဆစ်
နနွင်း လ္ဘက်ရည်ဇွန်း တဝက်
ဆား ၁ဇွန်း
ဟင်းခတ်မှုန့် ၁ဇွန်း
မဆလာ ၁ဇွန်း
နံနံပင်
ပဲလိပ်ပြာစိမ်းစိမ်းနုနုလေးကို ရေဆေးထားပါ အခွံမသင်တော့အစေ့မပျက်မို့စားရတာထုတ်ထုတ်လေးပါ ဦးစွာ ကြက်သွန်နီပါးပါးလှီးပြီးဆီသပ်ပါ
ကြက်သွန်ဖြူ ဂျင်းထောင်းထားတာထည့်ပါ အရောင်ရလာပါက နနွင်းမှုန့် ထည့်ပြီး ရေဆေးပြီးသားပဲကိုထည့်ကြော်ပါ ပြီးလျှင် ရေအနည်း ငယ်ထည့်ပြီး အဖုံးအုပ်နှပ်ထားပါ ပဲနူးလာသည်ထိ ရေနည်းနည်းဆီထည့်ပြီးနှပ်ပါ ပဲနူးအိလာပါက မဆလာနှင့် နံနံပင် အုပ်ပြီးသုံးဆောင်နိုင်ပါပြီ ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...

No comments:
Post a Comment