29 June 2015

ပဲလိပ်ပြာရွက်သုပ်

ပဲလိပ်ပြာရွက် လို့ခေါ်တဲ့ရွှေပဲရွက်ကို အစိမ်းသုပ်ထားတာပါ ရှမ်းပြည်မှာသာပေါပေါများများရတတ်တဲ့ပဲလိပ်ပြာရွက်လေးပါ ။ ရန်ကုန်မှာလည်းရတတ်ပေမဲ့တော်တော်ရင့်ပါတယ်။
စလုံးမှာထိုင်ဝမ်ကလာတဲ့ပဲလိပ်ပြာရွက်အညွှန့် ကြည့်ဘဲရလို့ဝမ်းသာအားရဝယ်လာပြီးသုပ်စား တယ်နော်။လုပ်နည်းလေးကတော့
ပဲရွက်ကို အရွက်နုနုအညွှန့်လေးများကို ရေ ဆေးသန့်စင်ပြီးရေစစ်ထားပါ။ ကြက်သွန်နီ ပါးပါး ၊ ခရမ်းချဉ်သီးအ စေ့ထုတ်ထားတာပါးပါးလှီး၊ ကြက်သွန်ဖြူဆီချက်၊ ဆား၊ ဟင်းခတ်မှုန့် ၊ငရုပ်သီးဆီချက်၊ မြေပဲထောင်း၊ ကြက်သွန်မိတ်၊ နံနံပင် ၊ သံပုရာသီးတို့ကိုထည့်ပြီး သမ အောင် နှယ်၍ သုံးဆောင် နိုင်ပါပြီ။ အရသာ စိမ့်စိမ့်နဲ့ စားလို့အလွန်ကောင်းပါတယ် ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...