29 June 2015

အာလူးဆနွင်းမကင်း


အလှူပွဲ၊ဧည့်ခံပွဲတွေမှာအချိုပွဲအဖြစ်တည်ခင်းလေ့ရှိတဲ့အာ လူးဆနွင်းမကင်းကိုလူတိုင်းသိပြီးသားဖြစ်မှာပါတယောက်နဲ့ တယောက်လုပ်နည်းလေးတွေအနည်းငယ်မတူကွဲပြားနိုင်တာမို့ဆို ဖီယာရဲ့လုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
အာလူး - တစ်ကီလို
ဂျုံ - ၃၀၀ ဂရမ်
သကြား - ၅၀၀ ဂရမ်
ထောပတ် - ၂၀၀ ဂရမ်
အုန်းသီး - တခြမ်း
အုန်းနို့ - ၁၀၀ ml
နွားနို့ - ၁၀၀ ml
ကြက်ဥ - ၄လုံး
ဆား - လ္ဘက်ဇွန်းတဝက်
ပြင်ဆင်ပြုလုပ်နည်း
**************
(၁)အာလူးကိုရေဆေးပြီးနူးအိအောင်ပြုတ်ပြီးအခွံသင်ထား ပါ။
(၂)ဇလုံတလုံးတွင်အာလူးသင်ပြီးသားကိုထည့်ပြီးအာလူးချေတံဖြင့်ကြေအောင်ချေပေးပါ။
(၃)အာလူးအားလုံးကြေပါကကြက်ဥ၊ဆား၊သကြား၊ဂျုံ၊ထောပတ်၊အုန်းသီး၊အုန်းနို့၊နွားနို့တို့ကိုထည့်ပြီး သမအောင် မွေပေးပါ။အုန်းနို့လျော့လို၍နွားနို့အစားထိုးထားခြင်းဖြစ်ပါ တယ်။
(၄)အားလုံးသမသွားပါကဆီသုတ်ထားသောဘမ်းတွင်ထည့်ပြီးအပေါ်မီးအောက်မီးဖြင့်အရောင်ရသည်ထိဖုတ်ပါ။OVEN သုံးပြီးဖုတ်ပါက၂၀၀ ' C ဖြင့် ၄၅မိနစ်ခန့်အရောင်ရသည်ထိ ဖုတ်ပါ။အတွင်းမှမုန်သားကျက်မကျက်ကိုအချွန်တခုဖြင့်ထိုးကြည့်ပါ။မုန့်နှစ်များကပ်ပါမလာတော့ပါကမုန့်သားကျက်ပါပြီ။
(၅)အရောင်ရလာပါကထုတ်ယူအအေးခံထားပြီး လုံးဝအေး သွားပါကလိုသလိုလှီးဖြတ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
****
တစ်ကီလို - ၆၂ကျပ်သား
တဆယ်သား - ၁၆၀ ဂရမ်

2 comments:

  1. အုန်းသီး တခြမ်းဆိုတာက ခြစ်ပြီးသားအုန်းသီးကို အပိုင်းပိုင်းလှီးဖြတ်ပြီး ထည့်ရမှာလား အမရေ။ ဖြေပေးပါအုံး။ အိမ်မှာအခုလုပ်စားမလို့ ပါ။ အတိအကျ မပါလို့ ပါ။ ကျေးဇူးပါ အမ။

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...