29 June 2015

စူကြည်း

စူကြည်းဆိုတာတရုပ်လိုခေါ်တာပါ။ မြန်မာလိုတော့ခေါ်တာမရှိဘူးအဲ့ဒါကြောင့်စူကြည်းလို့ဘဲ ရေးထားတာပါ။ဒီဟင်းပွဲလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ် ပန်းသေးရိုးရာအစားစာတခုပါ ။ မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာတည်ခင်းလေ့ရှိပါတယ်။
ကြက်သားလုံးအတွက်ပါဝင်ပစ္စည်း
*******************
ကြက်သား - ၃၀၀ ဂရမ်
ဂျုံ - ၂၅၀ ဂရမ်
ကြက်ဥ - ငါးလုံး
(၁)ဦးစွာ ကြက်သားကို အနေတော် အတုံးတုံးထားပါ ။
(၂)ပန်းကန်တခုတွင်ဂျုံကိုကြက်ဥဖြင့်ဖျော်ပါ။ရေမပါ၍စေးပျစ်နေပါလိမ့်မယ် ။ဖျော်ပြီးသားမုန့်နှစ်ထည်းသို့ ကြက်သားတုံးနှစ်ပြီး ဆီပူတွင်အ ရောင်ရသည်ထိချကြော်ပါ။အားလုံးကြော်ပြီးပါကဆီစစ်ဘေးဖယ်ထားပါ။
ဟင်းချက်ရန်လိုအပ်သောပစ္စည်းများ
*********************
ကြက်သွန်နီ - အလုံးကြီး ၂လုံး အမြောင်းကြီးကြီးလှီးပါ
ကြက်သွန်ဖြူ - ၁၅ မြောင်း
ဂျင်းတတက် - အမျှင် လှီးထားပါ
ရှောက်ကော - တလုံး
ကြက်ပြုတ်ရည် - သို့ ရိုးရိုးရေ လိုသလောက်
ဆီ- အနည်းငယ်
ကြက်သွန်မိတ်
(၁)ချက်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်အမြောင်းကြီးနှင့်ကြက်သွန်ဖြူအမြောင်းလိုက်တို့ကိုချကြော်ပြီးနီရောင်သမ်းပါကဆယ်ထုတ်ထားပါ။လက်ကျန်ဆီတွင်ဂျင်းလှီးပြီးသားနှင့်ရှောက်ကောကိုထုပြီးဆီသပ်ပါ။ (၂)ကြက်သားလုံးများကိုထည့်မွေပါ ။ ကြက်ပြုတ်ရည်သို့မဟုတ် ရိုးရိုးရည်ကိုကြက်သားလုံးမြုတ်အောင်ထည့်ပါ။
(၃)အရသာကြက်သားမှုန့်နှင့်ဆားထည့်ပြီး ဆူပွက်အောင်တည်ပါ။ဆူ ပွက်လာပါကကြက်သွန်နီကြက်သွန်ဖြူကြော်ထားသည်များကိုရောထည့်ပြီးမီးကိုခပ်သေးသေးလျော့ချကာကြက်သားလုံးများနူးအိလာအောင်တည်ပေးပါ ။တည်ထားစဉ်ယောက်မဖြင့်မွေခြင်းကိုဂရုပြုပါ ။ ခဏခဏမမွေဘဲမီးအေးအေးဖြင့်အိုးစောင်းလှုပ်ပေးရုံသာမွေပေးပါ။အသားလုံးပုံစံမပျက်အောင်ပါ။ ဂျုံနဲ့ကြက်ဥဖျော်ပြီးကြော်ထားတဲ့ ကြက်သားလုံးကမာကျစ်နေပါတယ်။ဒါကြောင့်မီးအေးအေးနဲ့ အကြာကြီးတည်ရပါ့မယ်။မီးပြင်းပါကကြက်သားလုံးကွဲ၍ပွင့်သွားတတ်ပါတယ်။ ရေခမ်းလျှင်ရေထပ်လိုက်ပေးပါ။
(၄)ကြက်သားတုံးနူးမနူးကိုတူလေးဖြင့်ထိုးပြီးကြည့်ပါ။နူးအိလာပါကမီးဖိုပေါ်မှချပါ။ပန်းကန်တွင်ကြက်သားတုံးနှင့်ဟင်းရည်ကိုမျှအောင်ထည့်ပြီး ကြက်သွန်မိတ်ဖြူးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...