28 June 2015

ကြက်စွပ်ပြုတ်

(ရှလဝါ )
အဝေးေ၇ာက်နေသူများအဖို့မွေး၇ပ်မြေအထူးသတိ၇စေတဲ့ကြက်စွပ်ပြုတ်၊အမဲစွတ်ပြုတ်လေးဖြစ်မယ်ထင်ပါတယ်။ငယ်ငယ်ကရှလဝါအလှူအတွက်အမြဲသွားပြီးကူလုပ်ပေးဖူးတယ်။နှစ်ပေါင်းကြာပြီမို့သေချာပြန်စဉ်းစားပြီးချက်ထားပါတယ်။လုံးဝကြီးမတူ၇င်တောင်အနီးစပ်ဆုံးကြိုးစားချက်ထားပါတယ်။အလွမ်းပြေချက်စားနိုင်အောင်အဝေးရောက်မောင်နှမများအတွက်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကြက်၇ိုး ကြက်သား သို့ အမဲရိုးအသား - တစ်ကီလို
ကရဝေး၇ွက် -၅ရွက်
သစ်ဂျပိုးခေါက် - ၃ ချောင်း
ကြက်သွန်နီ - ၈လုံး
ဂျင်းကြက်သွန်ဖြူ - နှစ်ဇွန်း စားပွဲဇွန်း
ပဲနီလေး  - တစ်ခွက် ဆန်ချိန်ခွက်
ဆန်ကွဲ - တစ်ခွက်
ရွှေကြည် - ခွက်တဝက်
နနွင်းမုန့် - ဇွန်းတဝက်
ငရုတ်ကောင်း - တစ်ဇွန်း
ထောပတ် - ၃ဇွန်း (Ghee)
အုန်းသီး - တစ်ခြမ်း
ဆီ - ၁၅၀ ဂရမ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - ၂ဇွန်း
မဆလာ သို့ ဇီယာ - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာအမဲ၇ိုးနှင့်အသားသို့ကြက်၇ိုးကြက်သားကိုေ၇စိမ်ပြီးေ၇ဆေးထားပါ။
(၂)အရိုးအသားများကိုရေမြုတ်အောင်ထည့်ပြီးမီးဖိုတွင်တည်ပါ။ဆူပွက်ပါကအမြုတ်များခပ်ထုတ်ပစ်ပါ။
(၃)ကြက်သွန်နီ၆လုံးခပ်ကြမ်းကြမ်းစိတ်ထည့်ပါ။၊ဂျင်းကြက်သွန်ဖြူ၊က၇ဝေး၇ွက်နှင့်သစ်ဂျပိုးခေါက်ထည့်ပါ။
(၄)ပဲနီလေး၊ဆန်ကွဲကိုေ၇ဆေးပြီးထည်ပြုတ်ပါ။ကုလားပဲသုံးပါကသီးသန့်ပြုတ်ပြီးချေပြီးမှထည့်ပါ။အ၇ိုးများ၊ဆန်ကွဲပဲများနူးပြီးကျေအောင်အဆက်မပျက်မွေပေးပါ။
(၅)လိုအပ်သလောက်အပျစ်အကျဲ၇အောင်ရေထည့်ပေးပါ။ရွှေကြည်ကိုထောပတ်ဖြင့်လှော်ပေးပြီးထည့်ပါ။အုန်းသီးကိုအမှုန့်ခြစ်ပြီးအရည်ညစ်ထည့်ပါ။အရသာဖြည့်စွက်ပေးပါ။
(၆)အသားများနူးအိကာကျေလာပါကအ၇သာအပေါ့အငံမြည်းပြီးမဆလာထည့်ပါ။ကြက်သွန်(၂လုံး)ကိုနနွင်းဖြင့်ဆီသပ်ပြီးထည့်ကာင၇ုတ်ကောင်းထည့်ပြီးပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...