29 June 2015

အညာခရမ်းချဉ်သီးထောင်း

အညာခရမ်းချဉ်သီးထောင်းအတွက်ခရမ်းချဉ်သီးကိုင်းသီး(ဗမာသီး)ကိုသုံးပါတယ် တခြားခရမ်း ချဉ်သီးသုံးရင်တော့အရသာမတူပါဘူး
လိုအပ်သောပစ္စည်း
**********
ခရမ်းချဉ်သီး - ၆လုံး
ကြက်သွန်ဖြူ - ၃မြောင်း
ငရုပ်သီးစိမ်း - ၆တောင့် အစပ်ကြိုက်လျှင်ပိုထည့်ပါ
ဆား - အနည်းငယ်
ဆီ - ၂ဇွန်း
နံနံပင် - အနည်းငယ်
ကြက်သွန်မိတ် - အနည်းငယ်
(၁)ဦးစွာပထမခရမ်းချဉ်သီးမှည့်ကိုရေဆေးမီးကင်ပြီးအအေးခံကာ အခွံနွှာထားပါ။
(၂)ပထမကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းကိုထောင်းပါ။ပြီးလျှင်ခရမ်းချဉ်သီးကိုနည်း နည်းဆီထည့်ပြီးညက်အောင်ထောင်းပါ။ (၃)ဆားလိုသလောက်ထည့်ပါ။
(၄)ညက်ပြီဆိုပါကကြက်သွန်မိတ်နံနံပင်လှီးဖြတ်ပြီးသားထည့်ပါ။
(၅)ဆီအနည်းငယ်ထည့်ကာနှံ့အောင်မွေပြီးအရသာအပေါ့အငံမြည်းကာပန်းကန်တွင်ထည့်ပြီးမနက်ခင်းစာထမင်းပူပူပဲပြုတ်နဲ့ငါးခြောက်ဖုတ် အသားခြောက်ဖုတ်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။ အိမ်မှာတော့မနက်ခင်း တိုင်းမပါမဖြစ်ဟင်းတခွက်ပါ။တချို့တော့ အမဲခြောက်၊ငါးခြောက်၊ငါးပိတို့ကိုအချဉ်ပြေအဖြစ်ထည့်တတ်ကြ
တယ် ။ရှမ်းပြည်မှာတော့ ရှမ်းပဲပုတ်လေးထည့်ထောင်း ကြပါတယ် ။
ပန်ထွေဖျော်လို့လည်းခေါ်ပြီးတချို့ကျပြုတ်ပြီးထောင်းကျပါတယ်။မီးကင်ထောင်းတာတော့ပိုပြီးအရသာပြည့်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...