9 June 2015

ဆူကီ

ဆူကီ

ဆူကီချက်နည်းက ဆယ်မိုင်အချိုပွဲနဲ့ချက်နည်းတူပါတယ်။အုန်းနို့ နွားနို့ နို့စိမ်းနှစ်သက်ရာအစားထိုးအသုံးပြုနိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ဆူကီခြောက် - ၁၆၀ ဂရမ် (တစ်ဆယ်သား)
နွားနို့ - တစ်လီတာ
ရေ - တစ်လီတာ
နို့ဆီ - တစ်ဘူး
ထောပတ် - ၂ဇွန်း စားပွဲတင်ဇွန်း
သာကူစေ့ - ၁၀၀ ဂရမ်
သီဟိုစေ့ သို့ Almond - ၁၀၀ဂရမ်
ဖာလာစေ့ - နှစ်စေ့
အုန်းသီး၊ စပျစ်ခြောက်၊သစ်သီးခြောက် - အပေါ်မှတင်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာအိုးသေးသေးတခုေ၇တည်ပြီးဆူပွက်ပါကသာကူစေ့ထည့်ကာ၅မိနစ်ခန့်ပြုတ်ပါ။သာကူအဆံပျောက်ခါနီးတွင်မီးပိတ်ပြီးအဖုံးအုပ်ထားပါ။
(၂)ဆူကီကျိုမည့်အိုးတွင်နွားနို့၊ေ၇၊နို့ဆီ၊ဖာလာစေ့၊သိဟိုဠ်စေ့၊သို့မဟုတ်Almondစေ့သေးသေးစိတ်၊ထောပတ်တို့ကိုထည့်ပြီးကျိုပေးပါ။
(၃)ဆူကီခြောက်လှော်ပြီးသားမဟုတ်ပါကထောပတ်အနည်းငယ်ဖြင့်လှော်ပေးပါ။
(၃)ပြုတ်ထားသောသာကူစေ့ကိုေ၇ဆေးပြီးရေစစ်ထားပါ။
(၄)တည်ထားသောနွားနို့အိုးဆူပွက်ပါကဆူကီခြောက်ကိုထည့်ပါ။ရေစစ်ထားသောသာကူစေ့ထည့်ပါ။
(၅)၅မိနစ်ခန့်ဆူပွက်ပါကမီးပိတ်အဖုံးအုပ်ကာဆယ်မိနစ်ခန့်ဆူကီစေ့များနှပ်သွားသည်ထိထားပြီးပန်းကန်တွင်တည်ခင်းကာအုန်းသီး၊စပျစ်ခြောက်၊သစ်သီးခြောက်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...