8 June 2015

Apple Rose Tart


Apple Rose Tart

ပါဝင်ပစ္စည်း။
*******
ဂျုံ - 1cup
ပျားရည် - 2Tbsp
သကြား - 1Tbsp
ရေ - 3Tbsp
ပန်းသီး - 1no.
ထောပတ် Butter - 60gm
ပြင်ဆင်ပြုလုပ်နည်း။
**********
(၁)ဦးစွာ ပန်းသီးကိုခြမ်းပြီးအလယ်မှ အူတိုင်ကိုထုတ်လိုက်ပါ။ (၂)ပြီးလျှင်မှောက်လျက်ပန်းသီးကိုခပ်ပါးပါးစိပ်ပါ ။
(၃)အိုးတစ်လုံးတွင် စိပ်ထားသောပန်းသီး ပျားရည် သကြား ရေ တို့ကို ထည့်ပြီး ၃ မိနစ် ၄မိနစ်ခန့် တည်ပါ။
(၄)ပန်းသီးအနည်းငယ်နွမ်းလာပါကပန်းသီးဖတ်များကိုဆယ်ယူပြီး ကျန်ရှိသော ဆော့ကို အ အေးခံထားပါ
(၅)Tart Dough လုပ်ပါ့မယ် ဂျုံ တခွက်ထည်းကို ထောပတ်60gm နဲ့ အအေးခံထားသော ဆော့၃ဇွန်းထည့်ပြီးချောမွေ့လာသည်ထိနှယ်ပါ
(၆)ပြီးလျှင်တပိုင်းပိုင်းပြီးလိမ့်တုံးဖြင့်ပြားနေအောင်လိမ့်ပါ ။ ထူလျှင် ဖုတ်ရတာကြာပါတယ်။လိုချင်သောအပြားအနေရလျှင်ဘေးနားများကိုညီအောင်ဖြတ်လိုက်ပြီး ၁လက်မအကျယ် ၇လက်မအရှည်ဖြတ်ပါ ။
(၇)ဖြတ်ထားသောဂျုံသားပေါ်မှအအေးခံထားသောပန်းသီးဖတ်များကို တခုနှငိ့တခု အစွန်းချင်းထပ်ပြီးစီထည့်ပါ။ခုလုပ်ထားတာကတော့ ၇ ချပ်ထည့်ထားပါတယ်။ (၈)ပြီးလျှင်အစွန်းတဖက်မှစ၍ဖြည်းဖြည်းစီပန်းသီးဖတ်များကို ထိန်းပြီးလိပ်ပေးပါ။ အဆုံးရောက်လျှင် ဂျုံသားကို သေချာဖိကပ်ပေးပါ (၉)မုန့်ဖုတ်မည့်ဘမ်းကိုဆီသုပ်ပြီးစီထည့်ကာ ၁၅၀ဒီဂရီဖြင့် မိနစ်၃၀ လောက်ဖုတ်ပြီးမုန့်သားကျက်ပါကအပြင်ထုတ်ကာအပေါ်ရံ ပန်းသီးကို ပျားရည် အနည်းငယ်သုတ်ပေးပြီး icing sugar ၊ cinamon power တို့ဖြင့် ဖြူးပြီး အလှဆင်ကာသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...