9 June 2015

ပေါက်​စီ



ပေါက်စီ <3
ပါဝင်ပစ္စည်း ၁၂လုံးစာ
***********
ဂျုံ - ၅၀၀ ဂရမ် (All Purpose Flour)
Yeast ပွဆေး - ၁/၃ စားပွဲတင်ဇွန်း
သကြား - ၅၀ဂရမ်
ဆား - ၃ဂရမ် အနည်းငယ်
ဆီ - ၅၀ ဂရမ်
ကြက်ဥ - တလုံး
ရေ - ၂၀၀ ml
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဂျုံကို ဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးဖြင့်ဂျုံသားချော မွေ့လာသည်ထိနှယ်ပါ။
(၂)ပြီးလျှင် ကြိုက်နှစ်သက်ရာဆိုဒ်လုံး ပြီး ၅မိနစ်ခန့်နှပ်ထားပါ။
(၃)မိမိနှစ်သက်ရာအစာကို အဆင်သင့်လုပ်ထားပါ။(ပဲယို၊ အုန်းသီးသို့ အသား)
(၄)ဂျုံသားနှပ်ပါကလိမ့်တုန်းဖြင့်ပြားပြီးအစာသွပ်ပါ ။
(၅)အစာသွပ်ပြီးသားပေါက်စီကိုမိမိပေါင်းမည့်ဘမ်းတွင်စက္ကူခံပြီးတင်ပါ။
(၆)အားလုံးပြီးပါက အဖုံးအုပ်ပြီး ပူနွေးသောနေရာတွင်အပွခံထားပါ။ (၇)အပွခံထားစဉ်ပေါက်စီပေါင်းမည်အိုးကိုရေနွေးအစဉ်သင့်တည်ထားပါ။
(၈)အပွခံထားသောမုန့်လိုအပ်သောအပွအနေထားသို့ရောက်ပါက ဆူပွက်နေသောရေပေါင်းခံအိုးသို့တင်ပြီးအဖုံးလုံလုံဖြင့်ဆယ်မိနစ်ခန့်ပေါင်းလျှင်ရပါပြီရှင်။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲတွင်ရေကျန်ပါက၊ထနားလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
ကြက်သားအစာသွပ်ရန်အတွက်
*****************
(၁)ကြက်သွန်နီအတုံးသေးသေးစိတ်ပြီးကြော်ပါ။
(၂)ကြက်သားစင်းကောထည့်ပါ။
(၃)ဆား၊ဟင်းခတ်မှုန့်၊ ရှောက်ကောထည့်ပါ။
(၄)ကျိုချိုက် ထည့်ပါ။ နှစ်သက်ပါကပဲပင်ပေါက်ထည့်ပါ။
(၅)အရသာမြည်းကာဆယ်ယူဆီစစ်ထားပါ။
(၆)အစာသွပ်မည့်အချိန်တွင်ကြက်ဥအစိမ်းတလုံးထည့်ကာမွေပေးပါ။

1 comment:

  1. ကိုယ်ဒါလေးကိုသိပ်ချစ်တာ။
    လှလွန်းလို့ ။
    တနေ့ တော့လုပ်ကြည့်မယ်စိတ်ကူးတယ်။
    ဒါကြောင့်ဘလော့လေးနဲ့ ကိုယ်တို့ ကိုမျှဝေပေးတာသိပ်ကျေးဇူးတင်ပါတယ်လို့ ။
    မမအိုင်အိုရာ

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...