22 June 2015

ထမနဲ

မြန်မာ့ရိုးရာအစားအစာဖြစ်တဲ့ထမနဲလုပ်နည်းကတော့အားလုံးအတူတူဘဲဖြစ်ကြမယ်လို့ထင်ပါတယ်အချိုးအစားနည်းနည်းကွဲကြတာဘဲရှိကြမှာပါဒီနည်းလေးကဆိုဖီယာရဲ့အဖွားလုပ်တဲ့နည်းပါအဖွားနဲ့အဖိုးကရှမ်းထမင်းချဉ်၊ထမနဲ၊ခေါက်ယာဂု၊ပေါင်းသင်းဝါးတို့ကိုလုပ်ရောင်းခဲ့ လို့ဆိုဖီယာတို့လူမှန်းသိစအရွယ်ကတည်းကနေ့တိုင်းလိုစားခဲ့ရတဲ့ထမနဲဆိုလည်းမမှားပါဘူးရှင်ဒါပေမဲ့ကိုယ်တိုင်မလုပ်ဖြစ်ဘဲအဖွားနဲ့အမေလုပ်ပေးတာဘဲစားလာခဲ့တာဒီထမနဲကတော့ဆိုဖီယာကိုယ်တိုင်ပထမဆုံး အကြိမ်ထိုးဖြစ်တဲ့ထမနဲဖြစ်ပါတယ်ရှင်။လုပ်နည်းလေးကြည့်ရအောင် နော်။
ပါဝင်ပစ္စည်း
******
ကောက်ညင်းဆန် - ဆန်ချိန်ခွက် ၆ခွက်
မြေပဲလှော် - ၃ခွက်
နှမ်းလှော် - ၃ခွက်
ဂျင်းထောင်း - ၁ခွက်
ဆား - ၃ဇွန်း စားပွဲတင်ဇွန်း
အုန်းသီး - တစ်လုံး
ဆီ - ၃၀ကျပ်သား
ပြုလုပ်နည်း
******
(၁)ကောက်ညင်းဆန်ကိုရေဆေးပြီးတနာရီခန့်ရေစိမ်ထားပါ။
(၂)အုန်းသီးကိုအခွံသင်ပြီးတခြမ်းကိုသေးသေးစိတ်ပြီးတခြမ်းကိုတစ်လက်မအရှည်ခန့်ပါးပါးလှီးထားပါ။
(၃)ဂျင်းကိုထောင်းထားပါ။
(၄)မြေပဲကိုလှော်ပြီးအခွံချွတ်ကာလုံးခြမ်းကွဲကြိတ်ထားပါ။
(၅)နှမ်းကိုလှော်ထားပါ။မြေပဲနှင့်နှမ်းရောမွေထားပါ။
(၆)အားလုံးအဆင်သင့်ဖြစ်ပါကဆန်ကိုရေစစ်ထားပြီးအိုးတခုတွင်ဆီထည့်ကာအုန်းသီးပါးပါးစိတ်ထားသည်ကိုအရောင်ရသည်ထိကြော်ပြီးဆယ်ယူဘေးဖယ်ထားပါ။
(၇)ပြီးလျှင်ထောင်းသည့်ဂျင်းကိုထည့်ပြီးကြော်ပါ။ဂျင်းအနည်းငယ်အရောင်ဝါပြီးမွေးလာပါကရေစစ်ထားသောကောက်ညင်းကိုထည့်ကြော်ပါ။
(၈)ကောက်ညင်းအားလုံးကြော်မိပြီးဆန်စေ့အရောင်ပြောင်းလာလျှင်ရေထည့်ပါ။ရေကိုကောက်ညင်းဆန်မျက်နှာပြင်အထက်လက်တလုံးထိထည့်ပါ။ဆားထည့်ပြီးတည်ထားပါ။မကြာခဏမွေပေးပါ။
(၉)ရေခမ်းသွားပါကကောက်ညင်းနှပ်ပြီဖြစ်၍မီးလျော့ပြီးနှမ်းမြေပဲအရော၆ခွက်မှတခွက်ကိုချန်ထားပြီး၅ခွက်နှင့်အုန်းသီးစိမ်းသေးသေးစိတ်တို့ကိုထည့်ကာယောက်မဖြင့်ထိုးမွေပြီးကြေအောင်ချေပေးပါ။ဆီပြန်ပြီးလုံးလာသည်ထိမွေပေးပါ။
(၁၀)ဆီပြန်ပြီးလုံးလာပါကဘမ်းတွင်ထည့်ပြီးယောက်မဖြင့်သေချာစွာ ဖိပေးပါ။အပေါ်မှအုန်းသီးကြော်ဖြူးပြီးဖိပေးပါ။အုန်းသီးကြော်အပေါ်မှချန်ထားသောနှမ်းမြေပဲတခွက်ကိုမျက်နှာပြင်အနှံ့ဖြူးပြီးအအေးခံထားပါ။
(၁၁)လုံးဝအေးသွားလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိင်ပါပြီ

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...