11 June 2015

အာလူးချိစ်​အစာသွပ်ကြော်

အာလူးကပ်တလိတ်ပုံစံကို အတွင်းမှာချိစ်ထဲ့ပြီးကြော်ထားတာပါ။
ပါဝင်ပစ္စည်း
အာလူး - ၂၅ကျပ်သား
ဆား - တဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပြောင်းဖူးမှုန့် - ၂ဇွန်း
ဂျင်းကြက်သွန်ဖြူ -အနည်းငယ်
ကြက်ဥ - တလုံး
ငရုပ်ကောင်း - အနည်းငယ်
Mozzarella cheese - တစ်ခွက်
ပေါင်မှုန့်ခြောက်- ကပ်ရန်
ပြုလုပ်နည်း
******
အာလူးကိုပြုတ်ပြီးအခွံခွာ၍ခြေထားပါ။ပါဝင်ပစ္စည်းများမှ ချိစ်နှင့်ပေါင်မုန့်ခြောက်မှအပအားလုံးထည့်ပြီးပျစ်ခဲလာအောင်မွေပြီးရေခဲသေတ္တာတွင်အအေးခံထားပါ။ပြီးလျှင်နှစ်သက်ရာအရွယ်အလုံးလုံးပြီးချိစ်အစာသွပ်ပါ။ပန်းကန်တခုတွင်ပေါင်မုန့်ခြောက်ထည့်ထားပြီးအစာသွပ်ပြီးသားအာလူးကိုကပ်ပြီးဆီပူပူတွင်အရောင်ရသည်ထိကြော်ပါ။ရွှေဝါရောင်ရပါကဆယ်ယူကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...