23 June 2015

ကြက်တောင်ပံအစာသွပ်ကြော်

(Thai Style )
ကြက်တောင်ပံအစာသွပ်ကြော်ပြုလုပ်ရန်အတွက်ကြက်တောင်ပံကြီးကြီး ကိုအ၇င်အ၇ိုးထုတ်၇မှာဖြစ်ပါတယ်။
ကြက်တောင်ပံအတွက်လိုအပ်သောပစ္စည်း
***********************
ကြက်တောင်ပံ -၅ချောင်း
ငံပြာ၇ည် -တစ်ဇွန်း စားပွဲတင်
ကြက်သားမှုန့် - လ္ဘက်ဇွန်း တစ်ဇွန်း
င၇ုပ်ကောင်းအဖြူ - အနည်းငယ်
ဆီမွေး - အနည်းငယ်
ဂျုံမှုန့် - တစ်ပန်းကန်
ကြက်ဥ - နှစ်လုံး
ပေါင်မုန့်ခြောက် - တစ်ပန်းကန်
အစာသွပ်၇န်လိုအပ်သောပစ္စည်း
*****************
ကြက်သားစင်းပြီးသား - ၅၀ ဂ၇မ်
ပဲကြာဇံ - လက်တစ်ဆုပ်
နံနံပင်အမြစ် - ၃ပင်
င၇ုပ်ကောင်းမှုန့် အဖြူ - အနည်းငယ်
ပဲငံပြာ၇ည် - တစ်ဇွန်း စားပွဲတင်
ခ၇ုဆီ - တစ်ဇွန်း
ကြက်ဥ - တစ်လုံး
ကော်မှုန့် - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)အ၇ိုးထုတ်ပြီးသားကြက်တောင်ပံကိုငံပြာ၇ည်၊ကြက်သားမှုန့်၊င၇ုပ်ကောင်းမှုန့်၊ဆီမွေးထည့်နှယ်ပြီးဆယ်မိနစ်ခန့်နှပ်ထားပါ။
(၂)အစာသွပ်၇န်လိုအပ်သောပစ္စည်းများကိုပြင်ဆင်ပါ။ပါဝင်ပစ္စည်းများကိုပန်းကန်တခုတွင်ထည့်ကာသမအောင်မွေပါ။ကြာဇံကိုခပ်တိုတိုဖြတ်ထည့်ပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကနှပ်ထားသောကြက်တောင်ပံကိုအစာသွပ်ပြီးပေါင်းမည့်ပန်းကန်တွင်ထည့်ပါ။ေ၇ဆူတည်ထားသောပေါင်းခံအိုးတွင်ဇကာခံ၍ ဆယ်မိနစ်ခန့်ပေါင်းပါ။
(၄)ပေါင်းပြီးသားကြက်တောင်ပံအစာသွပ်ကိုအအေးခံထားပါ။
(၅)ဂျုံမှုန့်၊ကြက်ဥ၊ပေါင်မုန့်ခြောက်တို့ကိုအဆင်သင့်ပန်းကန်တွင်ထည့်ထားပါ။
(၆)ကြက်တောင်ပံကိုဂျုံမှုန့်လူး၊ကြက်ဥတွင်နှစ်ပြီးပေါင်မုန့်ခြောက်ကပ်ထားပါ။
(၇)အားလုံးပြုလုပ်ပြီးပါကဆီပူပူတွင်၃မိနစ်ခန့်အေ၇ာင်၇အောင်ကြော်ပါဆယ်ယူဆီစစ်ပြီးပါကကြွပ်၇ွသောကြက်တောင်ပံအစာသွပ်ကိုနှစ်သက်၇ာဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...