23 June 2015

ဆိတ်သားထောင်း

ဆိတ်သားကိုစားနေကျပုံစံချက်ဟင်းဖြစ်စေ၊ပြုတ်ကြော်ဖြစ်စေစား၇တာငြီးငွေ့နေသူများအတွက်အဆင်ပြေအကြိုက်တွေ့စေမဲ့ဆိတ်သားထောင်းလေးဖြစ်ပါတယ်။အစာပြေထောင်းစားဖို့ဘဲဖြစ်ဖြစ်ဟင်းတစ်ခွက်အဖြစ်ဘဲဖြစ်ဖြစ်လွယ်ကူမြန်ဆန်စွာပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဆိတ်သားပြုတ် သို့ ကြော် - တစ်ပန်းကန်
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးစိမ်း - ၅တောင့်
ခရမ်းချဉ်သီး - တစ်လုံး
သံပုရာသီး - တစ်လုံး
ငံပြာရည် - နှစ်ဇွန်း စားပွဲတင်ဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
မြေပဲလှော် - နှစ်ဇွန်း
နှမ်းလှော် - တစ်ဇွန်း
နံနံပင် - အနည်းငယ်
သခွားသီး - တစ်ခြမ်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဆိတ်သားကိုရှာလကာ၇ည်ဖြင့်နယ်ဆေးပြီးဆား၊ဂျင်းကြက်သွန်ဖြူထည့်ကာနူးအောင်ပြုတ်ထားပါ။ပြုတ်ကြော်ပြုလုပ်ပြီးသားလည်းသုံးနိုင်ပါတယ်။
(၂)င၇ုပ်သီးနှင့်ကြက်သွန်ဖြူကိုလှော်ထားပါ။ခ၇မ်းချဉ်သီးကိုအစိမ်းနှစ်သက်ကအစိမ်းထဲ့ပါ။အမြောင်းစိပ်ထားပါ။မီးကင်ထည့်၍လည်း၇သည်။
(၃)ဦးစွာင၇ုပ်သီးကြက်သွန်ဖြူထောင်းပါ။ဆိတ်သားထည့်ထောင်းပါ။
(၄)လိုချင်သောအနေထားညက်ပါကခရမ်းချဉ်သီး၊မြေပဲ၊နှမ်း၊ငံပြာ၇ည်၊သံပုရာရည်၊ဟင်းခပ်မှုန်ထည့်ပြီးအရသာဝင်ရုံလောက်သာသာထောင်းပြီးသမအောင်ပြုလုပ်ပါ။
(၅)အရသာအပေါ့အငံမြည်းပြီးပန်းကန်တွင်တည်ခင်းကာအစပ်ပြေအဖြစ် သခွားသီး၊နံနံပင်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...