24 June 2015

ကြက်သားကြာဇံကော်ပြန့်ကြော်

Spring Roll
ကော်ပြန့်ကြော်ကလူတိုင်းသိပြီးသားဖြစ်မှာပါ။များသောအားဖြင့်အသီးအနှံနဲ့ထည့်ပြီးကြော်ကြတာမို့ကြော်ပြီးချက်ချင်းသာကြွပ်နေတတ်ပြီးခဏနေတာနဲ့သေချာပေါက်ပျော့တွဲကြီးဖြစ်သွားတတ်တာမို့ကြာရှည်ကြော်ပြီးသားဆိုစားချင်စဖွယ်မဖြစ်နေတော့ပါဘူး။ဒါကြောင့်ဒီနည်းလေးကစား၇တာလည်းအ၇သာရှိသလိုအချိန်ကြာသည်ထိပြန်ပျော့သွားချင်းလည်းမရှိတဲ့အတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဆန်ကြာဆန် - ၁၅၀ဂ၇မ်
မုန်လာဥနီ - တစ်လုံး
ကြက်သွန်မိတ် - ငါးပင်
မှိုခြောက် - လက်တစ်ဆုပ်
ကြက်သား - ၅၀ ဂ၇မ်
ကြက်သွန်ဖြူ -နှစ်မြောင်း
ဆား - လိုသလောက်
ဟင်းခပ်မှုန့်  - တစ်ဇွန်း စားပွဲတင်ဇွန်း
င၇ုပ်ကောင်း - အနည်းငယ်
ဆီ - အနည်းငယ်
ကော်ပြန့်ဖက်- တစ်ထုပ်
ဂျုံမှုန့်အနည်းငယ် - ကော်အဖြစ်ကပ်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဆန်ကြာဇံကိုေ၇စိမ်ထားပါ။ကြက်သားကိုနုတ်နုတ်စင်းထားပါ။မုန်လာဥကိုအမျှင်စိတ်ထားပါ။ကြက်သွန်မိတ်သေးသေးစိတ်ထားပါ။မှိုခြောက်သေးသေးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးကြက်သွန်ဖြူဆီသပ်ပါ။ကြက်သားချကြော်ပါ။ကြာဇံထည့်ပါ။မုန်လာဥ၊မှိုခြောက်ထည့်ပါ။အ၇သာဖြည့်စွက်ပါ။လိုအပ်ပါကေ၇အနည်းငယ်ထည့်ပြီးကြာဇံနူးညံ့သည်ထိကြော်ပါ။အ၇သာမြည်းပြီးမီးဖိုမှချကာကြက်သွန်မိတ်င၇ုပ်ကောင်းဖြူကာပန်းကန်တခုတွင်အအေးခံထားပါ။
(၃)ပန်းကန်တခုတွင်ဂျုံမှုန့်အနည်းငယ်ကိုေ၇ဖြင့်ပျစ်ပျစ် ဖျော်ထားပါ။
(၄)အားလုံးအဆင်သင့်ဖြစ်ပါကကော်ပြန့်ဖက်ကိုဖြန့်ပြီးကြက်သားကြာဇံထည့်ကာလိပ်ပြီးအနားကိုဂျုံကော်ဖြင့်ကပ်ပြီးပိတ်ပါ။
(၅)အားလုံးလိပ်ပြီးပါကလေလုံသောဘူးတခုတွင်စီထည့်ကာေ၇ခဲသေတ္တာတွင်ခဲထားပြီးလိုသလောက်သာထုတ်ယူ၍ဆီပူတွင်ချကြော်ကာနှစ်သက်၇ာဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...