Stewed Pumpkin in Coconut Cream
ရွှေဖရုံသီးယိုးဒယားအချိုပွဲလေးဖြစ်ပါတယ်။ပါဝင်ပစ္စည်းနည်းနည်းနဲ့စားရတာအရသာရှိတဲ့အချိုပွဲလေးပါ။
ပါဝင်ပစ္စည်း
******
ရွှေဖရုံသီး - တစ်ကီလို
အုန်းနို့ - ၂၅၀ml
ရေ - ၅၀၀ml
သကြား - ၁၇၅ ဂရမ်
ဆား - အနည်းငယ်
(၁)ရွှေဖရုံသီးကိုအခွံသင်ပြီးရေဆေးသန့်စင်ကာအတုံးကြီးကြီးတုံး ထားပါ။အလှဆင်ရန်ဖရုံစေ့ကိုဖယ်ထုတ်ပြီးရေဆေးကာOvenတွင်အခြောက်ခံပြီးကင်ထားပါ။လှော်ပြီးသားသုံးလည်းရပါတယ်
(၂)အိုးတခုဖြင့်ရေ ၊ဆားနှင့်သကြားထည့်ပြီးကျိုပါ။
(၃)ဆူပွက်လာပါကအုန်းနို့နှင့်ရွှေဖရုံသီးထည့်ပြီးမီးအေးအးဖြင့်ဆယ်မိနစ်ခန့်ဖရုံသီးနူးလာအောင်တည်ပေးပါ။ဝေမကျစေရန် ဂရုပြုပါ။
(၄)ရွှေဖရုံသီးနူးပါကပန်းကန်တွင်ထည့်ပြီးအုန်းနို့ဆမ်းကာဖရုံစေ့လှော်ဖြူးပြီးနှစ်သက်သလိုအလှဆင်၍တည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Dry Raddish Pickle ရှမ်းပြည်မှာတော့မုန်လာဥချဉ်မုန်ညင်းချဉ်တို့ကိုအများအားဖြင့်ဆောင်းရာသီမှာပြုလုပ်ပြီးတနှစ်စာပြုလုပ်လေ့ရှိပါတယ်။ဆောင်းရာ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment