24 June 2015

စတော်ဘယ်ရီကူလ်ဖီး

Strawberry Kulfi ကူလ်ဖီးမလိုင်လို့အများသိထားတဲ့အိန္ဒိယေ၇ခဲမုန့်လေးဖြစ်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးသန့်ရှင်းလပ်ဆပ်စွာအိမ်မှာလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း ( ၆ချောင်းစာ )
*******
နွားနို့ - တစ်လီတာ (full cream milk )
နို့စိမ်း -ဘူးတဝက်
နို့ဆီ - ဘူးတဝက်
ပြောင်းမှုန့် သို့ ဆန်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဖာလာစေ့အမှုန့် - အနည်းငယ်
စတော်ဘယ်ရီအနှစ် - ၂၅၀ ဂရမ် (နှစ်သက်ရာအသီး)
သစ်သီးခြောက် - အနည်းငယ် pistachios / Almond
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာနွားနို့ထဲသို့ဆန်မှုန့်သို့ပြောင်းမှုန့်ထည့်ပြီးမွေပေးပါ။မီးဖိုပေါ်တင်ပြီးဆူပွက်အောင်တည်ပါ။
(၂)ဆူပွက်ပါကမီးကိုလျော့ချပြီးတဝက်ခမ်းသည်ထိတည်ပေးပါ။ အိုးမကပ်စေရန်မွေပေးပါ။မလိုင်များတက်လာပါလိမ့်မည်။
(၃)နို့တဝက်ခမ်းသွားပါကနို့ဆီနှင့်နို့စိမ်းထည့်ပြီးမွေပေးပါ။ဖာလာစေ့အမှုန့်ထည့်ပါ။စေးပျစ်လာပါကအသင့်ကြိတ်ချေထားသောစတော်ဘယ်ရီအနှစ်ကိုထည့်ပြီးမွေပေးပါ။မီးဖိုပေါ်တွင်ခေတ္တအပူပေးပြီးပါကမီးပိတ်ပြီးအအေးခံထားပါ။သစ်သီးခြောက်ထည့်မွေပေးပါ။
(၄)အေးသွားပါကမိမိပုံသွင်းမည့်ခွက်တွင်လောင်းထည့်ပြီးရေခဲသေတ္တာအခဲခန်းတွင်ခြောက်နာရီခန့်အခဲခံထားပါ။လက်ကိုင်တုတ်ချောင်းလေးထည့်လိုပါကတဝက်ခဲအနေထားတွင်ထည့်နိုင်ပါတယ်။
(၅)မိမိသုံးဆောင်လိုသောအချိန်တွင်ခွက်ကိုအပြင်မှေ၇လောင်းပေးပြီးကူလ်ဖီးကိုထုတ်ယူကာသစ်သီးခြောက်ဖြင့်အလှဆင်သုံးဆောင်နိုင်ပါပြီ။
***
ကူလ်ဖီးတွင်မလိုင်ဖက်လေးများရရန်ကျိုထားသောနို့အရောကိုအအေးခံပြီးမှသာပုံစံခွက်တွင်လောင်းထည့်ပါ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...