24 June 2015

ရေခဲမုန့်ကြော်

 Deep Fried Ice Cream
ရေခဲမုန့်ကြော်လေးကိုလုပ်ဖို့ရည်ရွယ်ထားတာ၎လလောက်ရှိပါပြီ။သင်တန်းတက်စဉ်ကာလတုန်းကလုပ်ခဲ့ဖူးပေမဲ့သီးသန့်စားဖို့တော့ထပ်မလုပ်ဖြစ်ခဲ့ဘူး။ခုတော့pageထဲကသူငယ်ချင်းတယောက်ကပြောလာတာနဲ့လုပ်ဖြစ်သွားတာပါ။ပုံမှန်ဆိုရင်တော့ပေါင်မုန့်ကိုအသုံးပြုပေမဲ့သူငယ်ချင်းကသူနည်းလေးမျှဝေပေးရင်းButterCakeနဲ့လုပ်ကြည့်ပါပိုမွေးပါတယ်ဆိုလို့သူ့နည်းလေးနဲ့လုပ်နည်းကိုမျှဝေပေးလိုက်ပါတယ်။အကြံပေးရင်းလုပ်ပေးဖို့တိုက်တွန်းလာတဲ့သူငယ်ချင်းကိုကျေးဇူးပါရှင်။
ပါဝင်ပစ္စည်း
*******
ရေခဲမုန့် - ၃လုံး
Butter Cake - တစ်လုံး
ကြက်ဥ - တစ်လုံး
ပေါင်မုန့်ခြောက် - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာရေခဲမုန့်ကိုအလုံးအနေထားရအောင်icecreamScoop ဖြင့်ခပ်ယူပြီးအခဲခန်းတွင်တစ်ရက်ထားပါ။
(ေ၇ခဲမုန့်ကြော်ဖို့အဓိကအရေးကြီးဆုံးကတော့ေ၇ခဲမုန့်ကမာခဲနေဖိုလိုပါတယ်)
(၂)မာခဲနေသောရေခဲမုန့်ကိုbutter cakeဖြင့်ပတ်ပတ်လည် နေရာလပ်မကျန်အုပ်မိအောင်ခပ်ထူထူထုပ်ထားပါ။(ပေါင်မုန့်ကိုလည်းအသုံးပြုနိုင်ပါတယ်)ထုပ်ပြီးပါကအခဲခန်းတွင်ပြန်ထည့်ထားပါ။
(၃)ကြက်ဥတစ်လုံးကိုခေါက်ထားပါ။ပေါင်မုန့်ခြောက်ကိုအသင့်ပန်းကန်တွင်ထည့်ထားပါ။
(၄)အသင့်ဖြစ်ပါကကိတ်မုန့်ဖြင့်ထုပ်ထားသောရေခဲမုန့်ကိုကြက်ဥတွင်နှစ်ပြီးပေါင်မုန့်ခြောက်ကပ်ပါ။လက်ဖြင့်သေချာကပ်မိအောင်ပြုလုပ်ပေးပါ။ပြီးလျှင်ပလပ်စတစ်ဖြင့်အုပ်ပြီးအခဲခန်းတွင်ကြော်မည့်အချိန်ထိပြန်ထည့်ထားပါ။အသင့်ပြုလုပ်သိမ်းဆည်းထားပြီးစားမည့်အချိန်မှသာဆီပူတွင်ချကြော်သုံးဆောင်နိုင်ပါတယ်။နောက်ဆုံးအချိန်အိုးထဲမှဆီပူပြီဆိုမှသာလျှင်ရေခဲသေတ္တာမှထုတ်ယူပြီးကြော်ရမှာဖြစ်ပါတယ်။
(၅)သုံးဆောင်လိုသည့်အချိန်တွင်ဆီအိုးတည်ထားပါ။ဆီပူပါကအခဲခန်းမှအသင့်ပြုလုပ်ပြီးသောရေခဲမုန့်ကိုထုတ်ယူပြီးဆီပူပူတွင်တစ်မိနစ်ခန့်အရောင်ရအောင်ကြော်ပြီးဆယ်ယူပါ။
(၆)ချိုအေးတဲ့ရေခဲမုန်ကို့ကိတ်မုန့်မွေးရနံ့နဲ့ပေါင်းစပ်ပြီးကြွပ်ရွတဲ့ရေခဲမုန့်ကြော်ကိုချက်ချင်းတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...