24 June 2015

ထိုးမုန့်

ဆိုဖီယာကရှမ်းပြည်ဇာတိဆိုပေမဲ့မန္တလေးမှာဆယ်နှစ်လောက်နေလာတာမို့မန္တလေးကအစားအစာတွေကိုနှစ်သက်ပါတယ်။မန္တလေးထိုးမုန့်တခုအပါအဝင်ပေါ့။ဒါကြောင့်ခုလိုအဝေးေ၇ာက်နေချိန်မှာကိုယ်အရမ်းကြိုက်တဲ့ထိုးမုန့်စားချင်တော့ကြိုးစားပြီးလုပ်စားဖြစ်ပါတယ်။ငယ်စဉ်က၇ပ်ကွက်အလှူတွေမှာထိုးမုန့်လုပ်တာမြင်ဖူးပါတယ်။မြင်ဖူးသမျှလေးနဲ့ဟိုမေးဒီမေးကြိုးစားလုပ်ထားတဲ့ထိုးမုန့်လေးကရောင်းတန်းတွေလိုအရည်အသွေးကိုမမှီပေမဲ့အဝေးရောက်နေသူများအဖို့တော့ကျေနပ်နိုင်လိမ့်မယ်လို့ထင်လို့ဆိုဖီယာလုပ်ထားတဲ့လုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်
သာကူမှုန့် - ၈၀ ဂရမ်
အုန်းနို့ -၂၀၀ ml
ေ၇ - ၂၀၀ml
သကြား - ၂၀၀ဂရမ်
ဆီ -၅ကျပ်သား
ထောပတ် - ၅ကျပ်သား
မြေပဲဆန်/သီဟိုဠ်စေ့/ဖ၇ုံယို -လက်တစ်ဆုပ်
အုန်းသီး -တစ်စိတ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာေ၇ ၁၅၀ ml နှင့်အုန်းနို့ ၂၀၀ml ကိုေ၇ာပြီးအပူပေးပါ။ (ဆူပွက်၇န်မလို)
(၂)ကောက်ညင်းမှုန့်ကိုဇလုံတခုတွင်ထည့်ပြီးအပူပေးထားသော အုန်းနို့အရောဖြင့်နယ်ပေးပါ။မုန့်နှစ်၇ပါကအဖုံးအုပ်ထားပါ။(အမှန်တော့ကောက်ညင်းဆန်ရေစိမ်ကြိတ်ပြီးမှလုပ်ပါတယ်။)
(၃)သာကူမှုန့် ကိုေ၇၅၀mlထည့်ပြီးနယ်ထားပါ။
(၄)အုန်းသီးကိုပါးပါးစိတ်ထားပါ။ကြော်ထည့်လို့ပါကကြော်ထားနိုင်သည်။မြေပဲလှော်ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးထဲတွင်ဆီနှင့်ထောပတ်ကိုအပူပေးပြီးပူလာပါကနယ်ထားသောကောက်ညင်းမုန့်နှစ်ကိုထည့်ပြီးအဆက်မပျက်မွေပေးပါ။
(၆)ကောက်ညင်းအေ၇ာင်ပြောင်းပါကသကြားကိုဖြေးဖြေးဆီထည့်ထိုးပါ။
(၇)သကြားနှင့်မုန့်သားညက်လာပါကသာကူမှုန့်နယ်ထားသည်ကိုအနည်းငယ်ဆီထည့်ပြီးထိုးပေးပါ။
(၈)အားလုံးသမကာချောမွေ့လာပါကမြေပဲသို့နှစ်သက်၇ာသစ်သီးစေ့နှင့်အုန်းသီး၊ဖရုံယိုတို့ကိုထည့်ကာသမအောင်ထိုးမွေပေးပါ။သမသွားပါကဆီသုပ်ထားသောဘမ်းတွင်ထည့်ပြီးအအေးခံကာလိုသ လိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...