27 June 2015

ကြက်သားသုပ် ဗီယက်နမ်စတိုင်

Vietnamese Chicken Salad
ကြက်သားသုပ်ကိုအရသာတမျိုးပြောင်းသုပ်စားချင်သူတွေအကြိုက်တွေ့မယ့် ဗီယက်နမ်ကြက်သားသုပ်လေးပါ ။
(၁)ပါဝင်ပစ္စည်း
    *******
ကြက်သား - နှစ်စိတ်
(ပေါင်းထား သို့ Bakeလုပ်ထားတာ)
ကြက်သွန်နီ - တစ်လုံး
celery - တစ်ချောင်း(တရုပ်နံနံအကြီး)
မုန်လာဥနီ - တစ်ဝက်
မုန်လာထုပ် - အနည်းငယ်
ပူစီနံ - အနည်းငယ်
နံနံပင် - အနည်းငယ်
ကြက်သားပြုတ်သို့ ကင်ထားသည်ကိုလိုသလိုလှီးဖြတ်ထားပါ။ကြက်သွန်နီကိုပါးပါးလှီးထားပါ။Celeryကိုပါးပါးစိတ်ထားပါ။မုန်လာဥနီကိုအချောင်းလေးများစိတ်ထားပါ။မုန်လာထုပ်ပါးပါးလှီးထားပါ။ပူစီနှံ၊နံနံပင်တို့ကိုရေဆေးလှီးဖြတ်ထားပါ။
(၂)ဆော့စ်အတွက်ပါဝင်ပစ္စည်း
***************
ယိုးဒယားငံပြာရည် - ၁ဇွန်း စားပွဲတင်ဇွန်း
ကြက်သွန်ဖြူ - နုတ်နုတ်စင်း လ္ဘက်ဇွန်း၁ဇွန်း
ငရုပ်သီး - သေးသေးစိပ် ၃တောင့်
sweet chilli sauce - ၅ဇွန်း စားပွဲတင်ဇွန်း
တို့ကို ရောစပ်ဖျော်ထားပါ။
(၃)Topping အပေါ်မှဖြူးရန်အတွက်
*******************
ကြက်သွန်ဖြူ - ၅မြောင်း
မြေပဲထောင်း - တစ်ပန်းကန်
သကြား - လေးဇွန်း စားပွဲတင်ဇွန်း
ဆီ - အနည်းငယ်
အိုးတခုတွင် ဆီအနည်းငယ်ထည့်ပြီးကြက်သွန်ဖြူဆီသပ်ကာ အရောင်ရပါကမြေပဲဆန်ထောင်းကိုထည့်ကြော်ကာသကြားထည့်ပြီးမွေပါ။မြေပဲဆန်ချိုချိုမွေးမွေးရပါကပန်းကန်တခုတွင်ထည့်ပြီးအအေးခံထားပါ ။
အမှတ်စဉ်(၁)မှ ပါဝင်ပစ္စည်းအားလုံးကို ဇလုံတခုတွင်ထည့်ပါ
အမှတ်စဉ်(၂) မှ ဖျော်ထားသောဆော့ဖြင့်သမအောင်ရောမွေပါပြီးလျှင်ပန်းကန်တခုတွင်ထည့်ပြီးအပေါ်မှ အမှတ်စဉ်(၃)မှ ကြော်ထားသော မြေပဲဆန်ချိုချို မွှေးမွှေးကို ဖြူးကာတည် ခင်းသုံးဆောင်နိုင်ပါပြီ ။ထူးခြားတဲ့သူ့အရသာလေးက ပူစီနံ နဲ့ နံနံပင် ရောသုံးထားပြီး ချိုချဉ်စပ်အရသာလေးပါ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...