28 June 2015

ပုဇွန်အီတလီခေါက်ဆွဲ

Prawn Aglio
အီတလီခေါက်ဆွဲချက်နည်းများစွာထဲကနာမည်ကြီးလူကြိုက်များလှတဲ့PrawnAglioချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။ဒီချက်နည်းလေးကမြန်မာများအတွက်စားရတာအဆင်ပြေပြီးအကြိုက်တွေ့စေမယ်လို့မျှော်လင့်ပါတယ်။ဘာလို့လည်းဆိုတော့ဆိုဖီယာလည်းဒီခေါက်ဆွဲလေးကိုဘဲအမြဲရွေးစားနေကျမို့ပါ။Sauceနဲ့စားတာမျိုးကျအမြဲမစားနိုင်လို့ပါ။မုန့်ဟင်းခါးမဟုတ်လို့ပါ ☺ ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*******
Pasta - ၂၀၀ ဂရမ် (ပြုတ်ပြီးသား)
သံလွင်ဆီ - တစ်ဇွန်း စားပွဲတင်ဇွန်း
ကြက်သွန်ဖြုနုတ်နုတ်စင်း - တစ်ဇွန်း
ငရုပ်သီးစိမ်းနီ - တစ်ဇွန်း လ္ဘက်ဇွန်း
ပုဇွန် - ၅ကောင် / လိုသလောက်
Parsley (chop) - တစ်ဇွန်း
ခရမ်းချဉ်သီးသေးသေးစိတ် - ၂ဇွန်း
ဆားရေ - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာနှစ်သက်ရာအီတလီခေါက်ဆွဲpastaကိုအညွှန်းအတိုင်းပြုတ်ထားပြီးဆယ်ယူရေစစ်ကာဆီလူးထားပါ။
(၂)ငရုတ်သီ၊ကြက်သွန်ဖြူ၊parsleyတို့ကိုနုတ်နုတ်စင်းထားပါ။ ခရမ်းချဉ်သီးကိုအစေ့ထုတ်ပြီးသေးသေးတုံးထားပါ။
(၃)ပုဇွန်ကိုပြုတ်လိုက်ပြုတ်ပြီးအခွံသင်သို့မဟုတ်အခွံသင်ကျောခွဲသန့်စင်ထားပါ။ရေနွေးအိုးတခုတွင်ခေါက်ဆွဲရေနွေးဖျော၇န်အသင့်ထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကလက်ကိုဒယ်ကိုအပူပေးပါ။အိုးပူပါက သံလွင်ဆီထည့်ပါ။ခေါက်ဆွဲကိုရေနွေးဖျောထားပါ။
(၅)ဆီပူပါကကြက်သွန်ဖြူ၊ငရုပ်သီး၊parsley ၊ပုဇွန်၊ခရမ်းချဉ်သီး တို့ကိုထည့်ကြော်ပါ။
(၅)ကြက်သွန်ဖြူအရောင်မှာေ၇ွှဝါရောင်ပြောင်းပါကဆားေ၇ထည့်ပါ။ရေနွေးဖျောထားသောခေါက်ဆွဲထည့်ပြီးအားလုံးသမအောင်မွေပေးပါ။အရသာအပေါ့အငံမြည်းပြီးချိစ်၊ငရုပ်သီးမှုန်တို့ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
***
မီးပြင်းဖြင့်ကြော်ရန်
ဆားေ၇မသုံးလိုပါကဆားထည့်ပြီးအပူရှိန်လျော့ချပေးရန်ကြက်သွန်ဖြူမတူးစေရန်ရေအနည်းငယ်ထည့်ပေးရန်လိုအပ်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...