ပြည်ပလာတာချက်နည်းတယောက်နဲ့တယောက်အနည်းငယ်ကွာပါတယ်။အချို့ကကုလားပဲသုံးပြီးချက်တယ်။တချို့ကပဲမှုန့်သုံးပြီးချက်ပါတယ်။ဆိုဖီယာတော့လွယ်လွယ်နည်းပဲမှုန့်ကိုသုံးထားပါတယ်။ချက်နည်းမတူတာတွေများရှိခဲ့ရင်မိမိနှစ်သက်ရာချက်နည်းဖြင့်ချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်း (၁၂ပွဲစာ)
*******
ကြက်သားဟင်းအတွက်လိုအပ်ပစ္စည်း**
ကြက် - တစ်ကီလို
ကြက်သွန်နီ - ၃လုံး
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် -တစ်ဇွန်း
က၇ဝေး၇ွက် - ၅ရွက်
သစ်ဂျပိုးခေါက် - နှစ်ချောင်း
ဇီယာ သို့ မဆလာ - ၂ဇွန်း
င၇ုပ်သီးအရောင်တင် - ၂ဇွန်း
ဆီ - ၃၀၀ ml
ဟင်း၇ည်ချက်၇န်လိုအပ်သောပစ္စည်း**
ပဲမှုန့်စိမ်း - ၁၀၀ ဂ၇မ် (သို့) ကုလားပဲ တဆယ်သား
နနွင်း အနည်းငယ်
ရေ - ၃လီတာ
ဆား - ၂ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် - ၂ဇွန်း
အာလူးပြုတ် - တစ်ပန်းကန် (အကြီးသုံးလုံး)
တွဲဖက်စားရန်လိုအပ်သောပစ္စည်း**
ပလာတာ (ထပ်တရာ) - ၁၅ ချပ်
ကြက်သွန်ပါးပါးစိတ်
ဂေါ်ဖီ ပါးပါးစိတ်
ပူစီနံ
င၇ုပ်သီးစိမ်း
သံပုရာသီး
ပြင်ဆင်ချက်ပြုနည်း
***********
(၁)ဦးစွာကြက်သားကိုလိုသလိုလှီးဖြတ်ပြီးဂျင်းကြက်သွန်ဖြူ၊ဆား၊ဟင်းခပ်မှုန့်ဖြင့်နယ်ထားပါ။ကြက်သွန်ပါးပါးစိတ်ထားပါ။
(၂)ဒယ်အိုးထဲတွင်ဆီထည့်ပြီးကြက်သွန်နီ၊သစ်ဂျပိုးခေါက်၊ကရဝေးရွက်ကိုဆီသပ်ပါ။
(၃)ကြက်သွန်နွမ်းပြီးအေ၇ာင်၇လာပါကင၇ုပ်သီးအေ၇ာင်မှုန့်ထည့်ပါ။ကြက်သားနှပ်ထားသည်ကိုထည့်ချက်ပါ။လုံးရည်ကုန်လျှင်ကြက်သားနူး၇န်လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပြီးချခါနီးတွင်မဆလာထည့်ပြီးသမအောင်မွေပေးပြီးမီးဖိုမှချထားပါ။
(၄)ဟင်းရည်ချက်မည့်အိုးတွင်ပဲမှုန့်နှင့်နနွင်းအနည်းငယ်ကိုေ၇သုံးလီတာထည့်ပြီးဖျော်ပါ။ဇကာသေးသေးဖြင့်စစ်ချပြီးမီးဖိုပေါ်တွင်ဆူပွက်အောင်တည်ထားပါ။ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။အိုးမကပ်စေရန်အဆက်မပျက်မွေပေးပါ။
(၅)အာလူးကိုပြုတ်ပြီးအခွံသင်ကာအတုံးသေးသေးတုံးထားပါ။
(၆)ဟင်းရည်အိုးဆူပွက်ပြီးပဲစိမ်းနံ့ပျောက်ပါကအရသာအပေါ့အငံမြည်းကာအာလူးပြုတ်ထည့်ပါ။ချက်ပြီးသားကြက်သားကိုရောထည့်ပါ။ပြန်လည်ဆူပွက်ပါကမီးပိတ်ပြီးစား၇န်အသင့်ဖြစ်ပါပြီ။
(၇)ပန်းကန်တွင်ပလာတာကိုခပ်ကြီးကြီးညှပ်ထည့်ကာအပေါ်မှ ဟင်းချိုပူပူကြက်သားအာလူးတို့ထည့်ပြီးကြက်သွန်၊ဂေါ်ဖီ၊ပူစီနံ၊ ငရုပ်သီးစိမ်း၊သံပုရာသီးတို့ဖြင့်တွဲဖက်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
**ကုလားပဲဖြင့်ချက်လိုပါကကုလားပဲကိုပြုတ်ပြီးအနှစ်တိုက်ချေကာဟင်းချိုအိုးထဲရောထည့်ပါ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
facebookမှာ ပုံလေးယူတင်ထားပါတယ် Credit ပေးထားပါတယ်ရှင့်
ReplyDelete