11 June 2015

ပင်လယ်စာစက္ကူထုပ်ပေါင်း

 Steamed Seafood Packets
ယိုးဒယားအစားအစာတခုဖြစ်တဲ့ပင်လယ်စာစက္ကူထုပ်လုပ်နည်းလေးကအ၇င်တင်ထားဖူးတဲ့ကြက်သားစက္ကူထုပ်လုပ်နည်းနဲ့တူပြီးအ၇သာကွဲပါတယ်။ကြက်သားစက္ကူထုပ်ကကြော်ထားပြီးပင်လယ်စာစက္ကူထုပ်ကိုပေါင်းထားပါတယ်။စားပွဲ၊ပါတီပွဲတွေမှာခံတွင်းဖွင့်စာအနေနဲ့တည်ခင်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
Rice paper -၆ချပ်
ဂဏန်းချောင်း -၁၀၀ဂရမ်
ပုဇွန် - ၅၀ ဂရမ်
မြေဇာဥ -၃လုံး
မြစ်ပြုတ် - ၂ဇွန်း စားပွဲဇွန်း
ကြက်သွန်မိတ် - တစ်ဇွန်း
ဂျင်း - အနည်းငယ်
ငါးငံပြာရည်- တစ်ဇွန်း
ပဲငံပြာရည် - တစ်ဇွန်း
င၇ုပ်သီး / နံနံပင် အလှဆင်ရန်
ငှက်ပျောဖက် -ခင်းပြီးပေါင်းရန်
ုပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပါဝင်ပစ္စည်းများအားလုံးကိုနုတ်နုတ်စိတ်ပြီးပန်းကန်တွင်ထည့်ကာငါးငံပြာရည် ၊ပဲငံပြာရည်တို့ဖြင့်သမပြီးစေးပိုင်အောင်နယ်ထားပါ။ငှက်ပျောဖတ်ကိုဆီသုပ်ပြီးပေါင်းမည့်ပေါင်းဇကာတွင်ခင်းထားပါ။ပေါင်းအိုးဖြင့်ရေဆူတည်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကရေပန်းကန်တခုယူထားပါ။
(၃)rice paperကိုရေစွတ်ပြီးခင်းထားပါ။ ပင်လယ်စာအေ၇ာ တစ်ဇွန်းထည့်ပြီးလေးထောင့်ကျကျလေးထုပ်ကာငှက်ပျောဖတ်ခင်းထားသောဘမ်းတွင်မှောက်ပြီး စီထည့်ပါ။
(၄)အားလုံးထုပ်ပြီးပါကေ၇နွေးပွက်ပွက်ဆူနေသောပေါင်းအိုးတွင်တင်ပြီး၅ မိနစ်မှ ၇မိနစ်ပေါင်းပါ။
(၅)အတွင်းမှပင်လယ်စာများကျက်ပါကထုတ်ယူပြီးင၇ုတ်သီးနံနံပင်တို့ဖြင့်အလှဆင်ကာပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
***Rice paper ကိုစူပါမားကပ်များတွင်ဝယ်ယူရရှိနိုင်ပါတယ်

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...