6 June 2015

မုန့်ကျွဲသည်း

နှစ်ပေါင်းများစွာမစားဖြစ်တဲ့မုန့်ကျွဲသည်းလေးလုပ်စားဖြစ်ပါတယ်။မုန့်ကျွဲသည်းဆန်တိုဖူးနဲ့မုန့်လက်ဆောင်းဖတ်ပြုလုပ်နည်းအချိုးအတူတူမို့ရှမ်းပြည်မှာတော့တနေရာထဲမှာအတူတူေ၇ာင်းတတ်ပါတယ်။Tapiocaထည့်တဲ့အတွက်မုန့်သားကအိအိတုန်တုန်လေးဖြစ်စေမှာဖြစ်ပါတယ်။ Sis Khine Chaw Su ဆန်တိုဖူး ပြုလုပ်နည်းကိုအခြေခံပြီး ပြုလုပ်ထားပါတယ်။ ကျေးဇူးပါအစ်မ
ပါဝင်ပစ္စည်း
******
ဆန်မှုန့် - ၂ခွက် (1Cup = 250ml )
Tapioca powder ပလောပီနံမှုန့် - ၃ ဇွန်း စားပွဲတင်ဇွန်း
ထန်းလျက် ရည် - ၄ခွက် (=တလီတာ)
ရေ - ၂ခွက်
ထုံးရည် ကြည် - ၂ခွက်
အုန်းသီး - တွဲဖက်စားရန်
ပြုလုပ်နည်း
******
(၁)ဦးစွာထုံးရည်ကြည်ပြုလုပ်ထားပါ။ ထုံးလ္ဘက်ဇွန်းတဝက်ကို ရေ ၂ခွက်ဖြင့်ဖျော်ပြီးအနယ်ထိုင်ထားပါ။အပေါ်ရေကြည်၂ခွက်ကိုယူထား ပါ။
(၂)ထန်းလျက်၃၀၀ဂရမ်(၂၀ကျပ်သား)ခန်ု့ကိုရေ၄ခွက်ဖြင့်ကျိုပြီးအမှိုက်စစ်ထားပါ။
(၃) ဆန်မှုန့်နှင့် Tapioca မှုန့်ကိုရောပြီးရေ၂ခွက်ဖြင့်ဖျော်ပါ။
(၄)ဆန်မှုန့်ဖျော်ထားသည့်ထဲသို့ထန်းလျက်ရည်ထည်ပြီးကျိုပါ။ အလုံးများမဖြစ်စေရန်ပုံမှန်မီးဖြင့်အဆက်မပျက်မွေပေးပါ။
(၅)ကျိုနေသည့်ဆန်မှုန့်စတင်ပျစ်လာပါကထုံးရည်ကြည်ထည့်ပြီးအဆက်မပျက်မွေပေးပါ။ကြွက်မြီးတန်းအနေထားထပ်ပိုပျစ်လာသောအနေထားတွင်ချပြီးအအေးခံမည့်ခွက်ထည်းလောင်းကာအအေးခံပြီးအေးသွားလျှင်လိုအပ်သလိုလှီးဖြတ်ပြီးအုန်းသီးဆံဖြင့်တွဲဖက်သုံးဆောင် နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...