6 June 2015

ငချိတ်ပူတင်း


လိုအပ်သောပစ္စည်း
**********
(၁)ငချိတ် - ၂ခွက် ဆန်ချိန်ခွက်
ရေ - ၂.၅လီတာ
စွမ်းမွေးရွက် - ၂ရွက်
(၂)သကြား - ၁၅၀ ဂရမ်
နို့စိမ်း - တစ်ဘူး
အုန်းနို့ - ဘူးသေးတစ်ဘူး
(၃)သာကူစေ့ - ဆန်ချိန်ခွက်တခွက်
 ရေ - ၇၅၀ ml
ပြုလုပ်နည်း
******
ဦးစွာငချိတ်ကောက်ညင်းကိုရေနွေးဖြင့်လေနာရီခန့်စိမ်ထားပါ။ပြီးလျှင်ရေစစ်ပြီးရေ၂လီတာခွဲနှင့်စွမ်းမွေးရွက်ထည့်ပြုတ်ပါ။မီးသေးသေးဖြင့်ကောက်ညင်းနူးအိလာသည်ထိပြုတ်ပေးပါ။ အိုးတခုဖြင့်သကြား၊နို့စိမ်းနှင့်အုန်းနို့ကိုရောပြီးသကြားပျော်ရုံကျိုထားပါ။သာကူစေ့ကျိုရန်ရေဆူအရင်တည်ပါ။သာကူကိုရေဆေးပြီး၂မိနစ်ခန့်စိမ်ထားပါ။ရေဆူပါကသာကူချကာတချက်မွေပြီးပြန်ပွက်လာပါကအဖုံးဖုံးပြီးမီးပိတ်ထားပါကျိုထားသောငချိတ်နူးအိလာပါကစွမ်းမွေးရွက်ကိုဖယ်ထုတ်ပြီးမွေတံဖြင့်ခြေပေးပါ။စက်ဖြင့်မွေလည်းရပါတယ်။ပြီးလျှင်ကျိုထားသောအုန်းနို့နို့စိမ်းသကြားအရောနှင့်သာကူအရောတို့ကိုထည့်ပြီးမီးဖိုပေါ်တွင်အပူပြန်ပေးပါအရသာမှာအချိုလျော့ထားပါတယ်နှစ်သက်ကသကြားပိုထည့်ပါပြီးလျှင်ပန်းကန်လုံးသို့ခွက်များထည်းသို့ပြောင်းထည့်ကာအအေးနှစ်သက်ပါကရေခဲသေတ္တာတွင်၃နာရီခန့်ထားပြီးသုံးဆောင်နိုင်ပါပြီ ။ အပူသို့အအေးတည်ခင်းနိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...