6 June 2015

ယိုရှမ်း





တရုပ်လိုတော့ယိုရှမ်းလို့ခေါ်တဲ့ရိုးရာမုန့်လေးတခုပါ။သိတဲ့သူများလည်းရှိမယ်ထင်ပါတယ်နော်။မသိသေးတဲ့သူငယ်ချင်းတို့ကိုလည်းမိတ်ဆက်ပေးပါရစေ။နှစ်သစ်ကူးပွဲတွေမှာတည်ခင်းဧည့်ခံလေ့ရှိတဲ့ဆီကြော်မုန့်လေးပါနော်။
ပါဝင်ပစ္စည်း
******
ဂျုံ - ၁ကီလို
Baking soda -၂ဇွန်း 10ml
ဆီပူ -၁၀၀ ဂရမ်
သကြားရည် သို့ ကြံသကာရည် - ၇၀၀ml
(သကြား ၅၀၀ ဂရမ် နှင့် ရေ ၂၅၀ဂရမ် )ကျိုပါ
ကြက်ဥ - ၃လုံး
စမုံစပါးစေ့ - ၂ဇွန်း စားပွဲတင်ဇွန်း
ကြော်ရန်ဆီ - လိုသလောက်
ပြုလုပ်နည်း
******
ဇလုံကြီးကြီးတခုတွင် ဂျုံနှင့် Baking soda ထည့်ပြီးမွေပေးပါ။အိုးတခုဖြင့်ဆီကိုအပူပေးပါ။ဂျုံကိုတွင်းပြုလုပ်ပြီးဆီပူပူကိုလောင်းထည့်ပေးပါ။ပြီးလျှင်ဇွန်းဖြင့်မွေပေးပါ။စမုံစပါးစေ့ထည့်ပါအ ဆင်သင့်ကျိုထားသောသကြားရည်ကိုဖြည်းဖြည်းဆီထည့်ပြီးနှယ်ပေးပါ။ဂျုံသားနှပ်လာပါကအဝတ်ရေစိုဖြင့် နာရီဝက်ခန့်အုပ်ထားပေးပါ။ပြီးလျှင်ဂျုံကိုလိမ့်တုံးဖြင့်အပြားခတ်ပါ။ပြီးလျှင်မိမိလိုသောပုံစံလှီးဖြတ်ပြီးဆီပူတွင်အရောင်ရသည်ထိ၂မိနစ်ခွဲခန့်ကြော်ကာဆယ်ယူဆီစစ်ပြီးအအေးခံကာသုံးဆောင်နိုင်ပါပြီ။ကြော်ပြီးနောက်ရက်များတွင်ပိုစားကောင်းပါတယ်။
ပုံပါအတိုင်းယပ်တောင်လေးများဖော်ရန်ပြုလုပ်နည်းမှာ 5mm အထူ ရသည်ထိပြားပြီးလျင် အနားများကိုညှိပြီး 4Cmအကျယ် ရအောင် ခေါက်ပေးပါ။အရှည်လိုက်ရလျှင်၎င်းခေါက်ထားသောအခေါက်တိုင်း 4cm အကျယ်ဆီထပ်ဖြတ်ပေးပါ။ ၎င်းဖြတ်ထားသော4cmကို အချောင်းလေးများကိုဆက်နေသောဖက်မှတဝက်ကျော်လောက်ထိဖြတ်ပေးပါ။ပုံကို comments မှာထည့်ပေးထားပါ့မယ်။ပြီးလျှင်အစွန်းတဖက်ကိုကိုင်ပြီးအခြားအစွန်းတဖက်တွင်ဖိကပ်ပေးပြီးထွက်လာသောထောင့်ချွန်းနှစ်ဖက်ကိုစွဲပြီးနားရွက်ပုံစံပြုလုပ်ရမှာဖြစ်ပါတယ်။နားလည်အောင်ရေးပြရတာနည်းနည်းခက်လို့ပုံလေးကြည့်လုပ်နိုင်ပါတယ် ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...