6 June 2015

အာလူးပူတင်း

Potato Pudding
ပူတင်းဆိုတာကလေးလူကြီးအရွယ်မရွေးအားလုံးကြိုက်ကြတဲ့သားရေစာအချိုပွဲလေးဖြစ်ပါတယ်။အမြဲကြက်ဥပူတင်းဘဲလုပ်စားဖြစ်တာ များလို့ဒီတခါတော့အနံ့အရသာတမျိုးထူးခြားပြီးအာဟာရလည်းဖြစ်စေမဲ့ အာလူး ပူတင်းလေးကိုလုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်း
**********
အာလူး - တစ်ကီလို
သကြား - ၄၀၀ဂရမ်
ဂျုံ - ၁၂၀ဂရမ်
နွားနို့ - တစ်လီတာ
ကြက်ဥ - ခြောက်လုံး
ထောပတ် - ၂၅၀ ဂရမ်
ဗီနီလာအနံ့ - ၁ဇွန်း လ္ဘက်ဇွန်း
Almond အနံ့ - တဇွန်း လ္ဘက်ဇွန်း
ဆား - တစ်ဇွန်းလ္ဘက်ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
************
(၁)ဦးစွာအာလူးကိုရေဆေးသန့်စင်ပြီးနူးနေအောင်ပြုတ်ပါ။
(၂)ပြုတ်ပြီးသားအာလူးကိုအခွံနွှာပြီးခြေပေးပါ။နွားနို့ထည့်၍ခြေပါ။ စက်ဖြင့်လည်းကြိတ်လို့ရပါတယ်။ပြီးလျှင်ဇလုံတခုတွင်ထည့်ထားပါ။
(၃)ကြက်ဥ၊ဂျုံ၊သကြားတို့ကိုလည်းစက်ဖြင့်ကြိတ်ပါ။
(၄)အာလူးထည်းရောပါ။ကြက်ဥအရော၊Vanilla နှင့် Almond essence ၊ဆားတို့ထည့်ပြီးသမအောင်မွေပေးပါ။
(၅)ထောပတ်ကိုအရေပျော်အောင်လုပ်ပြီးထည့်မွေပေးပါ။
(၆)ဇကာတခုဖြင့်မုန့်နှစ်ရည်ကိုစစ်ချပြီးအတွင်းမှအလုံးအခဲများရှိက ဖယ်ထုတ်ပေးပါ။
(၇)ဆီသုပ်ထားသောမုန့်ဖုတ်မည့်ဘမ်းတွင်စစ်ပြီးသား မုန့်နှစ်ရည် ကိုထည့်ပြီးoven အပူချိန်၂၀၀ဒီကရီဖြင့်၄၅မိနစ်ခန့်မျက်နှာပြင် အရောင်ရသည်ထိဖုတ်ပါ။ovenအဆင့်ရှိပါကအလယ်ဆင့်သုံးပါ။
(၈)မုန့်နှစ်ကျက်မကျက်ကြည့်ပြီးထုတ်ယူကာအအေးခံသုံးဆောင်နိုင်ပါပြီ။ပူတင်း သားဖြစ်သောကြောင့်ရေခဲသေတ္တာတွင် လေးနာရီခန့် အအေးခံထားပြီး လုံးဝအေးမှသာလျှင်အတုံးလှလှလေးလှီးဖြတ် လို့ရမှာဖြစ်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...