6 June 2015

ဆန်တိုဖူး



ရှမ်းပြည်ကရှမ်းအစားစာတခုပါ။သူကရိုးရိုးတိုဖူးနဲ့အရသာမတူလုပ်စားတဲ့ပုံစံချင်းလည်းမတူပါဘူး။
ဆန်တိုဖူးလုပ်ရန်လိုအပ်သောပစ္စည်း
*******************
ဆန်မှုန့် - ၄ခွက်
ရေ - ၈ခွက်
ထုံးရေကြည် - ၄ခွက်
ဆား - လ္ဘက်ဇွန်း ၁ဇွန်း
ထုံးရေကြည်ပြုလုပ်နည်း
*************
ထုံး - လ္ဘက်ဇွန်း ၁ဇွန်း
ရေ - ၄ခွက်
ခွက်တခုတွင်ထုံးကိုရေထည်းတွင်ကျေအောင်ဖျော်ပြီးတညထားပါ။အသုံးပြုမည့်အချိန်တွင်အပေါ်ရေကြည်ကိုစစ်ယူထားပါ။
ဆန်တိုဖူးကျိုနည်း
*********
(၁)ဦးစွာဆန်မှုန့်နှင့်ရေကိုအရင်ဖျော်ပြီးအားလုံးကျေပါကအိုးတခုတွင်ထည့်ကာမီးအေးအေးဖြင့်ကျိုပါ။
(၂)ကျိုနေစဉ်အလုံးအခဲမဖြစ်စေရန်အဆက်မပျက်မွေပေးပါ။
(၃)မုန့်နှစ်ရည်များစတင်ပျစ်လာပါကထုံးရည်ကြည်ကိုဖြည်းဖြည်းထည့်မွေပေးပါ။
(၄)တိုဖူးတော်တော်ပျစ်လာပါကယောက်မဖြင့်ကော်ကြည့်ပါ။သာမန်ကြွက်မြီးတန်းရုံအနေထားမဟုတ်ဘဲ၎င်းမုန့်နှစ်သည်စေးပိုင်လာပါကခွက်ထဲထည့်ကာအအေးခံလို့ရပါပြီ။
(၅)လုံးဝအေးသွားလျှင်လိုသလိုလှီးယူပြီးဆန်တိုဖူးသုပ်လုပ်စားလို့ရပါပြီ။
ရှမ်းပြည်တွင်ဆန်တိုဖူးအတုံးလေးများကိုရေစိမ်ထားလေ့ရှိပါတယ်။လှီးရလွယ်ကူပြီးအထားခံပါတယ်။
ဆန်တိုဖူးသုပ်ပြုလုပ်ရန်လိုအပ်သောပစ္စည်း
***********************
ဆန်တိုဖူး - တစ်ပွဲစာ
တိုဖူးချဉ်အရည် - တစ်ဇွန်း
ကြက်သွန်ဖြူထောင်းအရည် - တစ်ဇွန်း
ခရမ်းချဉ်သီးပြုတ် - တစ်ဇွန်း (ဆီမပါဘဲဆားဖြင့်ကျေအောင်ပြုတ်)
မုန်ညင်းချဉ်ရည် - တစ်ခွက်
ငရုပ်သီးဆီချက် - အနည်းငယ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
**********
ပန်းကန်တခုတွင်ဆန်တိုဖူးကိုဓားကိုရေစွတ်ပြီးလှီးပါ။ပါဝင်ပစ္စည်းများဖြစ်သောကြက်သွန်ဖြူအရည်၊တိုဖူးချဉ်အရည်၊ခရမ်းချဉ်သီးချက်၊ငရုပ်သီးဆီချက်၊နံနံပင်၊မုန်ညင်းချဉ်ရည်ထည့်ပြီးချဉ်ချဉ်စပ်စပ်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။
၁။ကြက်သွန်ဖြူထောင်းအရည် - ကြက်သွန်ဖြူကိုညက်အောင်ထောင်းပြီးရေဖြင့်ဖျော်ထားခြင်းပါ။
၂။တိုဖူးချဉ်ရည် - ဆီတိုဖူးလို့တချို့သိတဲ့တိုဖူးချဉ်ကိုချေပြီးရေဖြင့်မပျစ်မကျဲဖျော်ခြင်းပါ။
၃။ခရမ်းချဉ်သီးချက် - ခရမ်းချဉ်သီးကိုရေထည့်ဆားနည်းနည်းထည့်ပြီးကျေအောင်ချက်ထားခြင်းပါ။
၎။မုန်ညင်းချဉ်ရည်- မုန်ညင်းကိုရေဆေးသေးသေးစိတ်ဆားဖြင့်နယ်၊ နနွင်းနည်းနည်းထည့်ပြီးဆန်ဆေးရည် သို့ ထမင်းရည်ဖြင့်သုံးရက်ခန့်စိမ်ပြီးချဉ်ထားသောထွက်လာသောအရည်ဖြစ်ပါတယ် ။တချို့ဒေသတွင်ပုလင်းဖြင့်ရောင်းတတ်ပါတယ်။။
မှတ်ချက် ။ ။ အထက်ပါဆန်တိုဖူးကျိုနည်းအချိုးသည် sis Khine Chaw Su နည်းကိုအခြေခံပြီးလုပ်ထားခြင်းဖြစ်ပါတယ်။ကျေးဇူးပါ Sis Khine Chaw Su

1 comment:

  1. သတိရနေတယ် အန်းအန်းရေ...

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...