အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
6 June 2015
ရှမ်းကော်ရည်ခေါက်ဆွဲ
ရှမ်းခေါက်ဆွဲကိုရှမ်းပြည်ဘက်မှာတော့ကော်ရည်နဲ့စားလေ့မရှိကြဘူး ။ မန္တလေး၊ ရန်ကုန်ဘက်မှာတော့ကော်ရည်နဲ့ စားလေ့ ရှိကြတယ်။
ရှမ်းကော်ရည် ခေါက်ဆွဲအတွက်လိုအပ်သောပစ္စည်း
**********************************
ရေစိမ်ခေါက်ဆွဲ - တစ်ထုပ် (၇ပွဲစာပြင်နိုင်ပါတယ်)
ကြက်သားပြုတ် သို့ ပေါင်းထား - တစိတ်
ကြက်သွန်ဖြူဆီချက် - တဇွန်း စားပွဲဇွန်း
နှမ်း +(ဟွားကျောက် )ဆီချက် - တဇွန်း
(နှမ်း၁ခွက်+ဟွားကျောက်မှုန့် လ္ဘက်ဇွန်းတဇွန်း)
ကော်ရည် - ၃ဇွန်း
ပဲငံပြာရည် - တဇွန်း
ငရုပ်သီးဆီချက် - လိုသလောက်
မြေပဲထောင်း- တဇွန်း
ခရမ်းချဉ်သီးချက် - တဇွန်း
ကြက်သွန်မိတ် နံနံမိတ် -တဇွန်း
ပဲရွက် သို့ နှစ်သက်ရာအရွက်
ရှမ်းချဉ်(မုန်ညင်းချဉ်) လိုသလောက်
ကော်ရည်ကျိုရန်လိုအပ်သောပစ္စည်း
*******************
ရေ - ၁လီတာခွဲ
ကြက်သွန်ဖြူ - ၂ မြောင်း
ဆား - ၁ဇွန်း စားပွဲဇွန်း
အချိုမှုန့် သို့ ဟင်းခပ်မှုန့် - ၁ဇွန်း
လိမ္မော်ရောင် အနည်းငယ် (food color)
ထန်းလျက် - ၃လုံး
ကော်မှုန့် - ၈၀ ဂရမ် ( စားပွဲဇွန်း ၈ဇွန်း)
ကော်မှုန့်ဖျော်ရန် ရေ - ၁၀၀ ml ( ၁၀ဇွန်းခန့် )
ကော်ရည်ခေါက်ဆွဲတွင် တပွဲလုံးအရသာကို ကော်ရည် ကယူပါတယ် ။
ကော်ရည်ကျိုနည်း
*************
(၁)ဦးစွာ ရေဆူအရင်တည်ပါ ကြက်သွန်ဖြူ ရိုက်ထည့်ပါ ။ ပါဝင်သောအရသာအားလုံးထည့်ပါ ။ ချိုငန်အရသာလေး ပါတယ်။အရသာအနေတော်ရ ပါကအရောင် အနည်းင ယ်ထည့်ပါ။ မထည့်လည်းရပါတယ်။
(၂)ပွက်ပွက်ဆူက ကော်မှုန့်နှင့်ရေ ရောဖျော်ထားသည်ကို တဖက်မှဖြည်းဖြည်းလောင်းကတဖက်မှအဆက်မပျက်မွေပေးပါ။ ပြီးလျှင်မီးလျော့ကာပြန်ဆူလာပါက မီးဖိုမှချပြီးအသုံြး ပုနိုင်ပါပြီ။
***ယခုပြုလုပ်ထားသည့်အချိုးသည်ပွဲနှစ်ဆယ်ခန့်ပြင်၍ရသည်။မိမိပြုလုပ်မည့်ပွဲအရေအတွက်ကိုတိုင်းတာကို ချိန်ဆပြုလုပ်ပါရန်။
ကော်ရည်ခေါက်ဆွဲပြင်ဆင်ပုံ
*******************
ဦးစွာ ရေစိမ်ခေါက်ဆွဲကို ရေနွေးဖျောပါ ။ ရေ စိမ်ခေါက်ဆွဲအခြောက်ဖြစ်ပါက၂နာရီခန့်ကြိုတင်ပြီးရေစိမ်ထားရမည်။ ရေ နွေးဖျောပြီးပါက ပန်းကန်တွင်ထည့်ပါ။ ပြီးလျှင်အပေါ်မှကော်ရည် ၊ကြက်သွန်ဖြူ ဆီချက်၊ နှမ်းဆီချက်၊ ကြက်သား ၊ ခရမ်း ချဉ်သီးချက်၊ငရုပ်သီးဆီချက်၊ပဲငံပြာရည်၊မြေပဲ၊ကြက်သွန်မိတ် တို့ထည့်ပြီးရှမ်းချဉ်ဖြင့်တွဲဖက်သုံးဆောင် နိုင်ပါပြီ။ နှစ်သက်ပါကပဲရွက်မုန်ညင်းရွက်တို့ဖြင့်ရော၍သုံးဆောင် နိုင်ပါသည်။
ဂျုံခေါက်ဆွဲနဲ့လုပ်လျှင်ဂျုံကော်ရည်၊ဆန်ပြားခေါက်ဆွဲဖြင့်ဆန်ပြားကော်ရည်ရပါတယ်ရှင် ။ပါဝင်ပစ္စည်းအားလုံးတူတူပါရှင် ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
No comments:
Post a Comment