6 June 2015

ဟော့​​ပေါ့



Steamboat  လုပ်နည်းမေးလာသူများအတွက်တင်စရာပုံအသစ်လှလှမရှိသေးလို့အ်မ်မှာလုပ်စားရင်းကရိုက်ထားတဲ့ပုံလေးဘဲတင်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းနှင့်ပြုလုပ်နည်း
**************
ကြက်ပြုတ်ရည်
ငံပြာရည်
ပဲငံပြာရည်အကြည်
ဟင်းခပ်မှုန့်
ခရုဆီ
ငရုပ်ကောင်း
တုံယမ်းတုံး (နှစ်သက်ပါက)
နှစ်သက်ရာဟင်းရွက်စုံ
ပဲပြား ၊ပဲကြာဇံ ၊ခေါက်ဆွဲ
ငါးလုံး၊ကြက်ဥ
နှစ်သက်ရာအသား၊ငါး၊ပုဇွန်
ဖတ်ထုပ်
(၁)ဟင်းရည်အိုးအတွက်ကြက်ရိုးပြုတ်ရည်ကောင်းကောင်းတည်ရပါ့မယ်။ကြက်ရိုးကိုရေဆေးပြီးရေလိုသလောက်ထည့်ပါ။ဂျင်းတတက်ထုထည့်ပါ။ကြက်သွန်နီကိုထပ်ခြမ်းခြမ်းထည်ပါ။မုန်လဥအနီအဖြူကို အတုံးကြီးကြီးလှီးထည့်ပါ။
(၂)မီးဖိုတွင်တည်ပါ။မပွက်ခင်ထွက်လာသောအမြုတ်များကိုခပ်ထုတ်ပေးပါ။စတင်ပွက်လာပါကမီးကိုအသေးဆုံးအနေထားဖြင့်ဖြည်းဖြည်းချင်းပွက်ပါစေ။(အလွန်ဆူပွက်စေပါကဟင်းချိုရည်ဖြူနှောက်နှောက်ဖြစ်ပါတယ်)လိုအပ်ပါကရေထပ်ဖြည့်ပေးပါ။
(၃)လိုအပ်သောကြက်ပြုတ်ရည်ကောင်းကောင်းရပါကအရိုးများမပါအောင်စစ်ထုတ်ပြီးSteamboatပြုလုပ်မည့်အိုးထည်းသို့ထည့်ပါ။
(၄)အရသာဖြည့်စွက်ပါ။ချဉ်စပ်ဟင်းချိုစားချက်ပါကတုံယမ်းတုံးထည့်ပါ။
(၅)ပါဝင်ပစ္စည်းများအားလုံးကိုပြင်ဆင်ပါ။အသားများပုဇွန်များ၊ဟင်းရွက်များကိုပြင်ဆင်ပြီးတည်ခင်းထားပါ။
(၅)တွဲဖက်စားမည့်ဆော့ကိုပြုလုပ်ပါ့မယ်။
(၆) ပဲငပိအငံ - အချိုပန်းကန်လုံးတစ်လုံး
ပဲငံပြာရည်အကြည် -၅ဇွန်း စားပွဲတင်ဇွန်း
ဗီနီဂါ - ၅ဇွန်း
ကြက်သွန်ဖြူ - ၅မြောင်း
ဂျင်း - လက်တစ်ဆစ်
သကြား - ၃ဇွန်း
ငရုပ်သီး - ဆယ်တောင့်
နံနံပင်အမြစ် - ဆယ်ပင်
ပါဝင်ပစ္စည်းအားလုံးကိုရောပြီးစက်ဖြင့်ကြိတ်ပါ။အရသာမှာချဉ်ငံစပ်ဖြစ်ပါတယ်။ဆော့ကိုပြုလုပ်ပြီးရေခဲသေတ္တာတွင်သိမ်းထားနိုင်ပါတယ်။
အားလုံးအဆင်သင့်ဖြစ်ပါကဟင်ချိုအိုးကိုဆူပွက်စေပြီးမိမိသုံးဆောင်လိုသည့်သားငါးသီးနှံများထည့်ပြီးချဉ်ငံစပ်ဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...