ကြက်ကောင်လုံးအစာသွပ်ပေါင်း
(ကြက်ကောက်ညင်း)
ကြက်ကောင်ညင်းလုပ်ဖို့ အရင်ဆုံးကြက်ကို အကောင်မပျက် အရိုးထွင်ရပါတယ် ။ ထွင်နည်းက တော့ ပြော ရုံနဲ့ မရလို့ လုပ်တာ မြင်ဖူးဖို့ လိုပါတယ် စိတ် ဝင်စားရင် တော့ You tube မှာ Deboning whole chicken ဆို တာ ရှာ ကြည့် လို့ ရပါ တယ် ( ၄ပိုင်းမို့ အကြည့်ကောင်း တာ ည တနာရီခွဲသွားတယ် :p ) တပိဿာဝန်းကျင် အချိန် ရှိတဲ့ အရိုးထွင်ပြီးသားကို ရေ ဆေး သန့် စင်ပြီး အရသာမှုန့် ၊ ဆား ၊ ဂျင်းပါးပါးလှီး ၊ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီးသား ၊ ရှောက်ကော တလုံး ၊ နာနတ်ပွင့်တပွင့် တို့ဖြင့် ဗိုက်အတွင်းအပြင် နှယ်ပြီး ၂နာရီ လောက် နှပ်ထားပါ
အစာသွပ်ဖို့အတွက် ပြင်ဆင်ပါ့မယ် လို အပ်တဲ့ပစ္စည်းတွေကတော့
ကောက်ညင်းဆန် ဆန်ချိန်ခွက် တခွက်ခွဲ
ရှီတာခီမှို ခြောက် လှီးပြီးသား တခွက်
မြေပဲ တခွက်
ပုဇွန်ခြောက် ၅ကျပ်သား
ပဲငံပြာရည် အနောက် ရည် အရောင်အတွက်
ကြက်သားမှုန့် ၁ဇွန်း (Tbsp)
ရှောက်ကောမှုန့် တဇွန်း (tsp)
ပထမ ကောက်ညင်းကို ရေ စိမ် ထားပြီး တပွက်ဆူ တဝက်ကျက် ပြုတ်ပြီး ရေ စစ်ထားပါ
မှို ခြောက်ကို ရေ စိမ် ပြီး ရေညစ် ပါးပါးလှီးပါ
မြေပဲကို ရေဆူ ဖြင့် ဆယ်မိနစ်ခန်ုပြုတ်ပြီး ရေ စစ် ထားပါ အားလုံးအ ဆင် သင့် ဖြစ်ပါက ဇလုံ တခု တခု တွင် ထည့်ပြီး ကြက်သားမှုန့် ၊ ရှောက် ကော မှုန့် ၊ အ နောက်ရည် ပုဇွန်ခြောက် တို့ကို ထည့် ပြီး နှံ့ အောင် မွေပါ အရသာ မြည်းပါ ပြီးလျှင် နှပ်ထားသော ကြက်ကို အစာ သွပ် ပါ့မယ် နှယ်ထားပြီးသားကောက်ညင်းအစာများကို ကြက်ရဲ့ ဝမ်းဗိုက်က နေ ထည့် ပါမယ် ဖြည်းဖြည်းချင်း ကြက်၏ တောင်ပံ ရင် အုပ် ဆီ သို့ အားလုံးရောက် အောင် ထည့်ပါ ဝမိးဗိုက်ထည်းထည့်ပါ ထည့် ပြီးပါက အစာ ကဗိုက်ထည်း ပြည့် ကျပ် မ နေရပါ ကောက်ညင်း ပွားလာ ဖို့ နေ ရာ ချန် ထားပါ ပြီးလျှင် ကြက်ကို အပြင်ပိုင်း သန့် ရှင်းပြီး ပေါင်းမည့် ဘမ်းတွင် ထည့်ပြီး ပေါင်းပါ ပေါင်း တဲ့ မီး ပေါ်မူ တည်ပြီး နှစ် နာရီ က နေ သုံးနာရီ လောက် ကြာ နိုင်ပါ တယ် မကြာ မကြာ ကြည့် ပေးပါ ကြက်နဲ့ ကောက် ညင်းကျက် လျှင်အိုးပေါ်မှချပြီး ကြက်ပေါင်းရည်များကို စစ်ထုတ်ပြီး ပန်းကန် တခု ဖြင့် ထည့် ထားပါ ကြက်ကို လေသလပ် အအေးခံထားပါ လုံးဝ အေးမှ လို သလို လှီးဖြတ်ပြီး ပန်းကန်တွင်ထည့်ထားပါ
တွဲဖက်စားဖို့ ဆော့ လုပ်ပါ့မယ်
အအေးခံထားသော ကြက်ပေါင်းရည် အတွင်းသို့ ငရုပ် ဆီချက် ပဲငံပြာရည် ခရု ဆီတို့ဖြင့် ဖျော်ပြီး တွဲဖက်စားနိုင်ပါတယ်
မှတ်ချက် ***
ပေါင်းတာမစားချင်လည်းပြန်ပြီး ဆီပူ ထိုး ကြော် စား၍လည်းရပါတယ် ။
ကြက်ကောက်ညင်း ကို ကြက်ကောင် လုံးမဟုတ်ဘဲ ကြက်ကို လို သလို လှီးဖြတ် အရိုးထွင်ပြီးအ ခု နည်း အတိုင်းလုပ်စားလို့လည်းရပါ တယ် အရသာအတူတူပါဘဲ ပန်းကန်လေးတွေနဲ့ တပန်းကန်ဆီပေါင်းလည်းရပါတယ်နော် ပန်းကန် အောက်ခြေ မှာ ဆီလေးနည်းနည်းလူးပြီး နှပ်ထားတဲ့ ကြက်သားကို ခင်း မြေပဲ မှိုဖတ် လေးတွေ ခင်း ထည့် ကောက်ညင်းအရောထည့် ပြီးပေါင်း
ထွက်လာရင် ပန်းကန် လိုက်လေး မှောက် ယူ လိုက်ရင် လှလှပပ ကြက်ကောက်ညင်းလေးရပါပြီရှင်
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment