27 June 2015

ယိုးဒယားခရမ်းသီးသုပ်

လိုအပ်သောပစ္စည်း 
**********
ခရမ်းသီး - ၂လုံး
ကြက်သွန်နီ ဥ သေးသေး - ၁လုံး
ကြက်သွန်ဖြူ - ၂မြောင်း
ပုဇွန်ခြောက်-အနည်းငယ်
ကြက်ဥပြုတ် - ၁လုံး
ယိုးဒယားငံပြာရည် - ၁ဇွန်း
သံပုရာရည် - ၁ဇွန်း
ထန်းလျက်ရည် - ၁ဇွန်း
ငရုပ်သီး - ၃ တောင့်
နံနံပင်- အနည်းငယ်
ဦးစွာပထမ ခရမ်းသီးကို မီးဖုတ်ပါ နွမ်းရုံ ကျက်ရုံသာဖုတ်ပါ ပြီးလျှင် အအေးခံ ကာအခွံသင်၍ အကွင်းလိုက်လှီးဖြတ်ကာ ပန်းကန်တွင်ပြင်ဆင်ထားပါ ကြက်သွန်နီကို အကွင်းလိုက်လှီးထားပါ
ကြက်သွန်ဖြူကို ပါးပါးလှီး၍ ပုဇွန်ခြောက်ဖြင့်ကြော်ပြီးဖယ်ထားပါ ပန်းကန်တခုတွင် ထန်းလျက်ရည် ၊သံပုရာရည်၊ ငံပြာရည် တို့ကို ရောပြီးစပ်ပါ ငရုပ်သီးကို အမျှင်လေးများလှီးဖြတ်ထားပါ
နံနံပင်ခပ်ကြီးကြီးစိပ် ထားပါ အားလုံးအဆင်သင့်ဖြစ်ပါက ဆော့ကိုခရမ်းသီးမီးဖုတ်ပေါ်တွင်ဆမ်းပါကြက်သွန်ဖြူပုဇွန်ခြောက်ဆီသပ်ထည့်ပါ ကြက်ဥပြုတ်ကို အတုံးလေးများတုံးပြီးအပေါ်မှတင်ပါ ကြက်သွန် အကွင်းလိုက်လေးများတင်ပါ နောက်ဆုံးတွင် နံနံပင်နှင့်ငရုပ်သီးတို့ဖြင့် အလှဆင်ကာ သုံးဆောင် နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...