27 June 2015

ယိုးဒယားဂျူးဖူးသုပ်

 ဂျူးဖူးသုပ်အတွက် လိုအပ်သောပစ္စည်းများ
ဂျူးဖူး -၂စည်း
ယိုးဒယားငံပြာရည် - ၃ဇွန်း စားပွဲဇွန်း
အုန်းနို့ - ၅ဇွန်း (Cream)
သံပုရာသီး - တလုံး
ကြက်သွန်ဖြူ ၅​မြောင်း
ငရုပ်သီး ၅ တောင့်
ကြက်သွန်နီ တလုံး
မြေပဲ ထောင်း
ပထမ ဂျူးဖူးကို လို သလို လှီးဖြတ် ပြီး ရေဆူ တွင် တချက် ဖျောပါ ( စိမ်းနေ အောင် ရေ ဆူ တွင် ဆားအနည်း ငယ် ဆီ တဇွန်းလောက် ထည့် ပါ ဆယ် ယူ ပြီး ချက် ချင်း ရေ ခဲ ရေ တွင် စိမ် ပေးပါ ဂျူးဖူးကို ချ ပြီး တာ နဲ့ ချက် ချင်း ပြန် ဆယ် ယူပါ မချ ခင် ရေ ခဲ ရေ ဇလုံ အဆင် သင့် ထားပါ  )
အေးသွားသော ဂျူး ဖူးကို ရေ စစ် ထားပါ
ကြက်သွန်ဖြူ အနီ ကို ပါးပါးလှီးပြီး ကြွပ်အောင်ကြော်ပြီး ဘေး ဖယ် ထားပါ ငရုပ်သီး ကို ပါးပါးလှီးပြီး ဆီသပ်ပါ (အစိမ်းလည်းရတယ် )
ပန်းကန် တခု တွင် ငံပြာ ရည် အုန်းနို့ သံပုရာ ရည် တို့ဖြင့် ရော စပ်ပါ အရသာ မြည်းပါ လို အပ်သော အရသာ ထပ်ဖြည့်ပါ ပြီးလျှင် ဇလုံ တခု တွင် ရေ စစ် ထားသော ဂျူးဖူး ကို စပ်ထားသော အုန့် နို့ဆော့ ဖြင့်ရော မွေပါ ပြီးလျှင် အရသာ မြည်း၍ပန်ကန်တွင် ထည့် ပါ အပေါ်မှ ကြော် ထားသော ကြက်သွန် နီ ဖြူ ငရုပ်သီး မြေပဲ ထောင်းဖြူးကာ သုံးဆောင် နိုင်ပါပြီ ။
ဂျူးဖူး နေ ရာ တွင် ကိုက်လန် ၊ ပန်းစိမ်း၊ ဂေါ်ဖီ ထုပ် နှစ်သက်ရာ သီးနှံဖြင့် လုပ် စားနိုင်ပါတယ်
အရသာ က စားနေကျ အသုပ်များနဲ့ တမူ ထူးခြားကွဲပြား ပြီး စားလို့ အလွန်ကောင်းပါတယ်
လုပ်စားကြည့် နော် ။ :)

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...