Vietnamese Spring Roll
Prawn & Chicken
Diet လုပ်ချင်သူများအတွက်သင့်တော်တဲ့ Snack လေးဘဲဖြစ်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးမြန်မြန်ဆန်ဆန်ပြင်ဆင်နိုင်မဲ့ဗီယက်နမ်ကော်ပြန်လိပ်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
လိုအပ်သောပစ္စည်း
************
Rice Paper
Cucumber
Carrot
Tomato
Avogado
Mango
Mint leave
Coriander leave
Lemon juice or lime juice
Prawn
Chicken Slice (cook)
chive for garnish
ပြင်ဆင်ပြုလုပ်နည်း
*************
ဦးစွာပထမ ထောပတ်သီးကို ခွဲပြီး အချောင်းလေးဖြစ်အောင် စိပ် ပြီး သံပုရာရည် ရှောက်ရည် ထည့် ထားတဲ့ ရေ နဲ့ စိမ် လိုက်ပါ (အ ရောင် မမည်းအောင်ပါ )ပြီးလျှင် ဆယ် ထုတ်ပြီး ပန်ကန်တခုတွင် ထည့် ထားပါ
မုန်လာဥနီ၊ သခွားသီး ၊ခရမိးချဉ်သီး၊ တို့ကို လေး လက်မ အရှည် လောက် အ ချောင်းလေးများဖြတ် ထားပါ ။ သရက်သီးမှည့် ကို အချောင်းလေးများစိပ်ထားပါ။ ပူစီနံ နံနံပင် တို့ကို အခက် လိုက် ဖြတ် ထားပါ ။ ပုဇွန်ကို ပြုတ်ပြီးထပ်ခြမ်းခြမ်းထားပါ။ပြုတ်ထားသော ကြက်သားကို အပြားလေးများဖြတ်ထားပါ။ အားလုံးအဆင်သင့်ဖြစ်ပါက စလိပ်လို့ရပါပြီ ။ (နှစ်သက်ပါက ဆလပ်ရွက်လည်းထည့်လို့ရပါတယ် )
လိပ်ဖို့ရာအတွက် Chopping board ပေါ်လိပ်ရတာ ပို အဆင်ပြေပါတယ်
ဇလုံ သေးတခု တွင် ရေ အနည်းငယ်ထည့်ပါ Rice paper ကို တချပ်လုံးစိမ်ပြီးရေစွတ်လိုက်ပါ ချက်ချင်းဆယ်ယူပြီး chopping board ပေါ်တင် ကိုယ်နဲ့ နီးရာအခြမ်းဘက်တွင် သခွားသီး ခရမ်းချဉ်သီး သရက် ထောပတ်သီး ပူစီနံ နံနံပင် တို့ကိုတင်ပါ သီးနှံများရဲ့ ရှေ့ကပ်ရပ်တွင်ထပ်ခြမ့်းခြမ်းထားသောပုဇွန်ကို အပြင်ပိုင်းကို အောက်ဘက်ခြမ်းထားပြီး အရှည်လိုက်ထည့်ပါ ။ပုဇွန်ရဲ့ရှေ့တွင် ကပ်ပြီး ကြက်သားအပြားကို အ ရှည် လိုက် လေးထည့်ပါ ပြီးလျှင် ကိုယ်နဲ့ နီးရာ အခြမ်းဘက်မှဘေးနှစ်ဘက်ကိုခေါက်ပြီးလိပ်ပါ နှစ်ချက်လောက်လိပ်ပြီးပါက chive ရှည်ရှည်လေးများကို ကြားမှာခံပြီး အဆုံးထိ လိပ်ပါ။ အထည်းကသီးနှံပုဇွန် ကြက်သားကို အစဉ်လိုက် စီထည့်ပြီးလိပ်တော့ အလိပ်အပြင်ကနေ တခြမ်းက ပုဇွန် တခြမ်းက ကြက်သားကို မြင် နေရမှာပါ အားလုံးစု လိပ်ရင် မမြင်ရဘူးပေါ့နော် Rice paper ကို ရေ စွတ်ပြီးတာနဲ့ အစာကို မြန်မြန် ထည့် ပြီး လိပ် ရင် လိပ် ရ တာ လွယ်ပါတယ် ကြာသွားရင်ပျော့ပြီး အောက်မှာကပ်နေ တတ်ပါတယ် ။ အလိပ်အကြီးအသေးကိုယ်လိုသလို လိပ်လို့ရပါတယ် အသေးလိပ်ချင်ရင် paper ရွက်ကို ကပ်ကြေးနဲ့ ကိုက်ပြီး သီးနှံ သေးသေးစိတ်ပြီးသုံးပါ။ အားလုံးလိပ်ပြီးပါက လိုသလိုလှီးဖြတ်ပြီး Sweet & Sour ဆော့နဲ့သုံးဆောင် နိုင်ပါပြီ ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
Chinese Steamed Buns ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံး...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
ရှမ်းပြည်အစားအစာဖြစ်တဲ့ငှက်ပျောဖူးချဉ်လုပ်ကြည့်ဖို့အကြံပေးတဲ့တောင်ကြီးကညီမယွန်းဖူးဖူးကိုကျေးဇူးတင်ပါတယ်။သတ်သတ်လွတ်လည်းဖြစ်ပြီးဆန်နီလေးနဲ့ခ...
No comments:
Post a Comment