31 May 2015

Panna Cotta in Papaya




Panna Cotta in Papaya

သေဘာၤသီးတလံုးကို ရေဆေးသန့်စင်ပြီး ထိပ်ဘက်နှစ်ဘက်ကို အနည်းငယ်ဖြတ်ပေးပါ ထောင်ထားလို့ရ အောင် ပါ ပြီးလျင် အလယ် က နေ ထက်ဝက် ပိုင်းပြီး အတွင်းမှ အ စေ့များကို ထုတ်ပြီးသန့်ရှင်းထားပါ ခွက်ကလေးတခု ဖြစ်အောင် အကယ်၍ ခွက်အနေ ထားသေးနေ လျင် အသားအနည်းငယ်ကို လှီးထုတ်ပစ်ပါ သန့်ရှင်းပြီးပါကအပြင်ဘက်က အခွံများကို သင်လိုက်ပြီးဘေးတဘက်တွင်ထားထားပါ
Panna cotta လုပ်ပါ့မယ်
နွားနို့ ၂၅၀ ဂရမ်
ခရင်မ် ၁၅၀ ဂရမ်
သကြား ၄၀ ဂရမ်
vanilla essence ၂ ဂရမ်
Gelatine Power ၁၅ ဂရမ်
ပထမအိုးတခုတွင် နွားနို့ ခရင်မ် သကြား vanilla တို့ကို ထည့်ပြီးမီးဖိုပေါ်တွင် သာသာလေးမွေပါ အနည်းငယ် ပူလာပါက gelatine powder ထည့်ပြီး မွေပါ အမှုန့်အားလုံးပျော်ပါက မီးပိတ်ပါ ဆူပွက်စရာမလိုပါ (ရေဆူအမှတ် ၇၀ ခန့်သာ)ကျိုပြီးပါက အမြှုပ်များကို ဇကာသေးသေးတခုဖြင့် စစ်ထုတ်ပစ်ပါ ပြီးလျှင် အဆင်သင့်လုပ်ထားသော သင်္ဘောသီးခွက်ထည်းသို့ သာသာလေးလောင်းထည့်ကာ အအေးခံထားပါ အတော်သင့်အေးပါကအပေါ်မှာ ပလပ်စတစ်အုပ်ကာ (မအုပ်ပါက သဘောင်္သီးခြောက်သွားပါလိမ့်မည်)ရေခဲသေတ္တာတွင်ပြောင်းပြီး ဆက်၍အအေးခံပါ လေးငါးနာရီလောက် အအေးခံပြီး အတော်မာလာမှသာလျှင် လိုသလို လှီးဖြတ် သုံးဆောင် နိုင်ပါပြီ ။ ကျိုထားသော Panna Cotta အရည်များပို သေးပါက ဂျယ်လီခွက်များဖြင့် အ အေးခံကာ နစ်သက်ရာ ချောကလတ်ဆော့ စတော်ဘယ်ရီ ဆော့ တို့ဖြင့် တွဲ ဖက်သုံးဆောင်က
chocolate panna cotta
Strawberry panna cotta
တို့ကို ရ ရှိမှာ ဖြစ်ပါတယ်

2 comments:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...