အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
31 May 2015
ချောကလတ်ကောက်ညှင်းထုပ်
အုန်းနို့ကောက်ညှင်းကိုချောကလတ်အစာသွပ်ပေါင်းထားခြင်းဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကောက်ညှင်း - ၂ခွက်
အုန်းနို့ - ၂၀၀ml
သကြား - ၂ ဇွန်း စားပွဲတင်
ဆား - အနည်းငယ်
ချောကလတ် - ၂တောင့်
ငှက်ပျောဖတ် - လိုသလောက်
ပြုလုပ်နည်း
******
(၁)ကောက်ညှင်းကိုရေဆေးပြီးတညစိမ်ပြီးရေစစ်ထားပါ။
(၂ )ထမင်းပေါင်းအိုးတွင်ကောက်ညှင်း၊ဆား၊သကြား၊အုန်းနို့ထည့်ပြီးရေတပြေးညီထည့်ပြီးတည်ပါ။
(၃)ခလုတ်ပြုတ်ပါကအဖုံးမဖွင့်ဘဲခဏ အအေးခံထားပါ။
(၄)ငှက်ပျောဖတ်ကိုသန့်ရှင်းပြီးမီးပြထားပါ။
(၅)ချောကလတ်ကို အချောင်းလေးများဖြတ်ထားပါ။
(၆)ငှက်ပျောဖက်ခင်းပြီးကောက်ညှင်းခပ်မာမာအနေထားကိုဇွန်းဖြင့်ဖြန့်ထည့်ပါ။
(၇)အလယ်တွင်ချောကလတ်ထည့်ပြီးအပေါ်မှကောက်ညှင်းအနည်းငယ်ဖြင့်ပြန်အုပ်ပြီးထုပ်ပေးပါ။ကျိုးဖြင့်စည်းလိုကစည်းပါ။
(၈)အားလုံးထုပ်ပြီးပါကပေါင်းအိုးတွင်ရေခံပြီးမိနစ်၂၀ခန့်ပေါင်းပါ။
(၉)အတွင်းမှကောက်ညှင်းသေချာနှပ်ပါကအအေးခံကာထုတ်ယူသုံးဆောင်နိုင်ပါပြီ ။
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

food plan good
ReplyDelete