31 May 2015

မုန့်​လက်​​ဆောင်းဖက်​လုပ်​နည်း


Cendol
ပထမဆုံးအကြိမ်ကိုယ်တိုင်လုပ်ဖြစ်တဲ့မုန့်လက်ဆောင်းဖတ်လေးပါ။အပြင်မှာဝယ်လို့၇ပေမဲ့အဖြူေ၇ာင်မရှိဘဲအစိမ်းေ၇ာင်ဘဲဝယ်လို့၇တယ်။ဖြူဖြူလေးမှမြန်မာမုန့်လက်ဆောင်းနဲ့တူတာမို့တကူးတကလုပ်စားဖြစ်တာလေးပါ။မုန့်လက်ဆောင်ဖတ်ပြုလုပ်နည်းလေးကဆန်တိုဖူးလုပ်နည်းနှင့်အတူတူဘဲဖြစ်ပါတယ်။ရှမ်းပြည်မှာတော့မုန့်လက်ဆောင်းဖတ်ကိုဆန်တိုဖူး၊မုန့်ကျွဲသည်းနဲ့တွဲေ၇ာင်းပါတယ်။မုန့်ကျွဲသည်းပြုလုပ်လိုပါကေ၇အစားထန်းလျက်၇ည်ကိုသုံးပါ။ ပြုလုပ်နည်းတူပြီးနောက်ဆုံးအဆင့်တွင်ဇလုံတွင်မခဲဘဲေ၇ထည်းညစ်ချပေးတာဘဲကွဲပါတယ်။
ုမုန့်လက်ဆောင်းဖတ်လုပ်ရန်လိုအပ်သောပစ္စည်း
**************************
ဆန်မှုန့် - ၂ခွက်
ပ​လောပီနံမှုန့်​ - ၂ဇွန်း စားပွဲဇွန်း
ရေ - ၄ခွက်
ထုံးရေကြည် - ၂ခွက်
ဆား - လ္ဘက်ဇွန်း တဝက်
ထုံးရေကြည်ပြုလုပ်နည်း
*************
ထုံး - လ္ဘက်ဇွန်း ၁ဇွန်း
ရေ - ၄ခွက်
ခွက်တခုတွင်ထုံးကိုရေထည်းတွင်ကျေအောင်ဖျော်ပြီးတညထားပါ။အသုံးပြုမည့်အချိန်တွင်အပေါ်ရေကြည်ကိုစစ်ယူထားပါ။ိမုန့်နှစ်ကျိုနည်း
*********
(၁)ဆန်မှုန့်၊ဆားနှင့်ရေကိုအရင်ဖျော်ပြီးအားလုံးကျေပါကအိုးတခုတွင်ထည့်ကာမီးအေးအေးဖြင့်ကျိုပါ။
(၂)ကျိုနေစဉ်အလုံးအခဲမဖြစ်စေရန်အဆက်မပျက်မွေပေးပါ။
(၃)မုန့်နှစ်ရည်များစတင်ပျစ်လာပါကထုံးရည်ကြည်ကိုဖြည်းဖြည်းထည့်မွေပေးပါ။
(၄)တော်တော်ပျစ်လာပါကယောက်မဖြင့်ကော်ကြည့်ပါ။သာမန်ကြွက်မြီးတန်းရုံအနေထားမဟုတ်ဘဲ၎င်းမုန့်နှစ်သည်စေးပိုင်လာပါကအပေါက်ပါသောဇကာကိုအောက်တွင်ေ၇ဇလုံခံပြီးယောက်ချိုဇွန်းဖြင့်ဖိချပေးပါ။အပေါက်ပါသောဇကာမရှိပါကကိတ်လုပ်၇ာတွင်သုံးသောpipping bag(ပလပ်စတစ်အိတ်တောင့်ချွန်းကိုဖောက်ပြီး) တွင်ထည့်ပြီးဖြေးဖြေးဆီညစ်ချပေးပါ။မုန့်ဖတ်အေးအေးလေး၇ရှိ၇န်ေ၇ခဲတုံးလေးများထည့်ထားပါ။
(၅)မုန့်ဖတ်လုံးဝအေးသွားလျှင်ထန်းလျက်၇ည်သို့ အုန်းနို့၇ည်အုန်း သီးဆံ၊နှမ်းထောင်း၊ကောက်ညင်းပေါင်းတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
*** အစိမ်းေ၇ာင်မုန့်ဖတ်ပြုလုပ်လိုပါကဆွမ်းမွေး၇ွက်ကိုကြိတ်ပြီးအ၇ည်ညစ်ကာေ၇အစားထိုးထည့်ပြီးပြုလုပ်ပါ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...