31 May 2015

ကြက်​ဥပူတင်း

Caramel Pudding

ပါဝင်ပစ္စည်း
******
ကြက်ဥ - ၆လုံး
နို့စိမ်း -တစ်ဘူး
နွားနို့ - ၂၅၀ ml
နို့ဆီ - တစ်ဘူး
ဗနီလာ အနံ့ - လ္ဘက်ဇွန်း တစ်ဇွန်း
ပျားရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
Caramel သကြားရည်
*************
သကြား - တစ်ခွက်
ရေ - ၃ဇွန်း
(၁)ဦးစွာcamarelသကြားရည်အတွက်အိုးတခုတွင်သကြားနှင့်ရေထည့်ပြီးမီးအနေတော်ဖြင့်ကျိုပေးပါ။အိုးကိုစောင်း၍လှည့်ပေးပါ။သကြားအားလုံးပျော်ပါကအရောင်ရလာသည်ထိအိုးကိုလှည့်ပေးပါ။အရောင်အရမ်းရင့်ပါခါးတတ်ပါတယ်။
(၂)လိုချင်သောအရောင်ရလာပါကပူတင်းပြုလုပ်မည့်ခွက်ထဲသို့လောင်းထည့်ကာခွက်မျက်နှာပြင်အနှံ့သကြားရည်ရောက်စေရန်ခွက်(သို့)ဘမ်းကိုလှည့်ပြီးနေရာအနှံ့ရောက်အောင်ပြုလုပ်ပြီးအအေးခံထားပါ။
(၃)ပူတင်းပေါင်းမည့်အိုးဖြင့်ရေဆူအဆင်တင့်တည်ထားပါ။
(၄)ကြက်ဥ၊နို့ဆီ၊ဗနီလာ၊ပျားရည်ကိုရောပြီးBlanderဖြင့်ကြိတ်ပေးပါ။ ကြိတ်စက်ဖြင့်ကြိတ်သည့်နည်းမှာ Sis Khine Chaw Su ပြုလုပ်နည်းဖြစ်ပါတယ်။
(၅)ဇလုံတခုတင်နို့စိမ်းနှင့်နွားနို့ထည့်ပြီးကြက်ဥအရောကိုထည့်၍သာသာမွေပေးပါ။အမြုတ်မထစေရ။အမြုတ်အရမ်းများနေပါကဇကာသေးသေးဖြင့်ညင်သာစွာစစ်ထုတ်ပေးပါ။
(၆)ပြီးလျှင်အအေးခံထားသောCaramelသကြားပေါ်သို့လောင်းထည့်ပြီးအလူမီနီယံခဲစက္ကူဖြင့်ပိတ်ပြီးအသင့်တည်ထားသောရေဆူအိုးတွင်ထည့်ပြီးပထမဆယ်မိနစ်ခန့်ပုံမှန်မီးအားဖြင့်အရင်ပေါင်းပါ။နောက်ဆယ်မိနစ်ပေါင်းချိန်တွင်မီးကိုလျော့ချပြီးရေပွက်သည်ဆိုရုံဖြင့်ပေါင်းပေးပါ။မီးလျော့၍မရသောပေါင်းအိုးဖြစ်ပါကအိုးဖုံးကိုသာသာလေးဟပေးထားပြီးဆူပွက်ခြင်းကိုလျော့ချပေးပါ။ဆူပွက်လွန်းပါကမုန့်သားမလှဖြစ်တတ်ပါတယ်။
(၇)မိနစ်၂၀ပြည့်ပါကပူတင်းကိုဖွင့်ပြီးအလယ်တွင်မုန့်သားကျက်မကျက်အချွန်တခုဖြင့်ထိုးကြည့်ပါ။ကြက်ဥနှစ်များကပ်ပါမလာတော့ပါကမုန့်သားကျက်ပါပြီ။လိုအပ်သောအချိန်ထပ်ပိုပေါင်းပါကပူတင်းသားမလှ ပါ။
(၈)ပူတင်းသားကျက်ပါကမီးဖိုမှချကာခဏအအေးခံပြီးမှသာအပြင်ထုတ်ယူပါ။ပြီးလျှင်ရေခဲသေတ္တာတွင်လုံးဝအေးသွားသည်ထိအအေးခံပြီးပူတင်းခွက်၏ဘေးပတ်လည်ကိုဓားဖြင့်အရာပေးပြီးတည်ခင်းမည့်ပန်းကန်တွင်မှောက်ချပေးပြီးလိုသလိုအလှဆင်ပြီးသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...