31 May 2015

ကောက်ညင်း & ကန်ဇွန်းဥ ဆနွင်းမကင်း


ကောက်ညင်းဆနွင်းမကင်းစိန်ဖေကြီးလုပ်နည်းကတင်ထားပြီးသားပါ။ကန်ဇွန်းဥအေ၇ာင်လေးလှလို့အောက်ခံအဖြစ်ထည့်ထားတာပါ။၇ိုး၇ိုးလေးနဲ့အေ၇ာင်လေးစပ်ပြီးလုပ်ထားတာမို့တမျိုးဆွဲဆောင်မှုရှိပါတယ်။လုပ်နည်းလေးကြည့်၇အောင်နော် ။
ကောက်ညင်းအလွှာအတွက် ပါဝင်သောပစ္စည်း
*************************
ကောက်ညင်း - ဆန်ချိန်ခွက်၃ခွက်
သကြား -  ၁၅၀ ဂရမ်
အုန်းနို့ခ၇င်မ် - ၂၀၀ml
ဆား - လ္ဘက်ဇွန်းတဝက်
ဆီ - ၃ဇွန်း စားပွဲတင်
အောက်ခံကန်ဇွန်းဥအလွှာအတွက်ပါဝင်သောပစ္စည်း
*****************************
ကန်စွန်းဥ - ၅၀၀ ဂ၇မ်
သကြား - ၁၀၀ ဂ၇မ်
ထောပတ် - နှစ်ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကန်ဇွန်းဥကိုပြုတ်ပြီးအခွံသင်ကာကြေအောင်ချေပြီးသကြားနှင့်ထောပတ်ထည့်ကာသကြားပျော်အောင်မွေပေးပါ။
(၂)ပြီးလျှင်ပြုလုပ်မည့်ဘမ်းတွင်အောက်ခံငှက်ပျောဖတ်ကိုခင်းပြီးချေပြီးသားကန်ဇွန်းဥကိုထည့်ပြီးဖိ၍မျက်နှာပြင်ညီအောင်ပြုလုပ်ပြီးေ၇ခဲသေတ္တာတွင်မာအောင်ထည့်ထားပါ။
(၃) ရေတည သို့ လေးနာရီခန့်စိမ်ထားသောကောက်ညင်းကိုထမင်းပေါင်းအိုးတွင်ပါ။ရေနှင့်အုန်းနို့ရောပြီးဆန်နှင့်ရေမျက်နှာပြင်ညီထည့်ပါ။ဆား၊သကြားနှင့်ဆီထည့်ပြီးမွေပေးပါ။ခလုတ်နှိပ်ပြီးကောက်ညင်းကိုချက်ထားပါ။
(၄) ရေခမ်းပြီးခလုတ်ပြုတ်ပါက၁၅မိနစ်ခန့်အဖုံးမဖွင့်ဘဲထားပါ။
(၅)ကျက်ပြီသားကောက်ညင်းကိုအထက်အောက်သေချာမွေပေးပါ
(၆)အအေးခံထားသောကန်ဇွန်းဥမာခဲသွားပါကအပေါ်မှချက်ပြီးသားကောက်ညင်းကိုထည့်ပြီးဖိပေးပါ။မျက်နှာပြင်ချောမွေ့ပါကအအေးခံ ကာလိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။
**အပေါ်ယံမျက်နှာပြင်အေ၇ာင်၇အောင်ပြုလုပ်လိုပါကအုန်းနို့အနည်းငယ်လူးပြီးအပေါ်မီးသက်သက်ဖြင့်အေ၇ာင်၇အောင်ကင်ပေးနိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...