31 May 2015

Peanut Butter Cheese Cake


No Bake Peanut Butter Cheese Cake

Peanut Butter cheese cake အောက်ခံbase အတွက်
(1)Oreo ခြေပြီးသား - 11/4cup
melted Butter - 1/4cup
ဦးစွာCake ပြုလုပ်မည့်ဘမ်းကိုဆီသေချာသုတ်ပြီးခြေပြီးသားOreo ကိုအရည်ပျော်အောင်လုပ်ထားသောbutterဖြင့်ရောမွေကာဘမ်းအောက်ခြေတွင်သေချာဖိခင်းပြီရေခဲသေတ္တာထည်းတွင်အအေး ခံ ထားပါ။
(2)Cream Cheese - 500gm
peanut butter - 1cup
sugar -1cup
Heavy cream - 11/2cup
Chocolate bar - 1 bar
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဇလုံတခုတွင် Cream cheese (အပြင်ထုတ်ထားသော) နှင့်သကြား peanut butterတို့ကိုမွေပေးပါ။ (၂)နောက်ထပ်ဇလုံတခုတွင်cream 1cupကိုမာအောင်မွေပေးပါ။ (၃)ပြီးလျှင် Cream cheese အရောထည်းသို့ရောထည့်ကာသမ အောင်မွေပေးပါ။
(၄)ပြီးလျှင်အအေးခံထားသော oreoအပေါ်မှလောင်းထည့်ကာ မျက်နှာပြင်ညီအောင်လုပ်ပြီးရေခဲသေတ္တာတွင်သုံးနာရီခန့်ထားပါ။
(၅)ကျန်ရှိနေသောcream1/2cupနှင့်ချောကလတ်ကိုအပူပေးပြီးပျော်အောင်လုပ်ပြီးသမအောင်မွေပေးပါ။
(၆)အအေးခံထားသော cheese cake အေးပြီဆိုပါက၎င်းအပေါ်မှ ဖျော်ထားသောချောကလတ်ကိုလောင်းပြီးပြန်လည် အအေးခံထားပါ။ (၇)အေးပြီးမာလာသောအခါဘမ်းဘေးပတ်လည်ကိုဓားဖြင့်အရာပေးပြီးမှသာမိမိနှစ်သက်သောအရွယ်လှီးဖြတ်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။
ရေခဲသ္တောတွင်သာသိမ်းထားရန် ၊အခန်းအပူချိန်တွင်ကြာကြာထား ပါကပြန်ပျော့သွားပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...