30 May 2015

ကင်​မ်​ချီထမင်း​ကြော်

Kimchi Fried Rice

ပါဝင်ပစ္စည်း တစ်ပွဲစာ
***********
ထမင်းဖြူ - တစ်ပွဲ
ကြက်သား - ၄၀ ဂရမ်
ကြက်သွန်နီ - တစ်ခြမ်း
ကြက်သွန်ဖြူ - တမြောင်း
ကြက်ဥ - တလုံး
ကင်မ်ချီ - ၅၀ ဂရမ်
ငရုပ်သီးအနှစ်  -တစ်ဇွန်း
ပဲငံပြာရည် - တဇွန်း စားပွဲတင်ဇွန်း
နှမ်းဆီ - တစ်ဇွန်း
နှမ်း - လ္ဘက်ဇွန်း တဇွန်း
ကြက်သွန်မိတ် - အနည်းငယ်
ဆီ - အနည်းငယ်
(၁) ကြော်မည့်ထမင်းကိုအအေးခံထားပါ။ကြက်သွန်ပါးပါးစိတ်ထားပါ။
ကြက်သွန်ဖြူဓားပြားရိုက်ထားပါ။ကြက်သားကိုသေးသေးတုံးထားပါ။
ကင်မ်ချီကိုသေးသေးစိတ်ထားပါ။
(၂)ဒယ်အိုးတွင်ဆီအနည်းငယ်ထည့်ပြီးကြက်ဥကြော်ပြီးဖယ်ထုတ်ထားပါ။
(၃)ဆီအနည်းငယ်ထပ်ထည့်ပြီးကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ကြက်သား၊ငရုပ်နှစ်တို့ကိုထည့်ကြော်ပါ။
(၄)ကြက်သားကျက်ပါကကင်မ်ချီထည့်ကြော်ပါ။ထမင်းထည့်ပါ။
(၅)ပဲငံပြာရည်၊ဆီမွေး၊နှမ်း၊ဟင်းခပ်မှုန့်ထည့်ပြီးသမအောင်မွေပေးပါ။
(၆)အရသာအပေါ့အငံမြည်းပြီးကြက်သွန်မိတ်ပါးပါးစိတ်ထည့်မွေကာပန်းကန်တွင်ထဲ့ပြီးကြက်ဥကြော်နှင့်တွဲဖက်၍တည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...