30 May 2015

တုံယမ်းထမင်း​ကြော်

Seafood Tom Yum Fried Rice
တုံယမ်းဆိုရင်များသောအားဖြင့်ဟင်းချိုဘဲလုပ်သောက်ကြတာများပါ တယ်။ခုတော့ထမင်းကြော်လေးကြော်ထားတယ်နော်။ထမင်းကြော် အရမ်းကြိုက်ပြီးပုံစံရိုးရိုးစားရတာငြီးငွေ့နေသူ များအတွက်ပုံစံအသစ် တမျိုးနဲ့အရသာထူးကဲလှတဲ့ပင်လယ်စာ တုံယမ်းထမင်းကြော် ချဉ်စပ် လေးကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ထမင်းဖြူ - တစ်ပွဲ
ကြက်ဥ - တစ်လုံး
ကြက်သွန်နီ - တစ်ခြမ်း
ကြက်သွန်ဖြူ - တစ်မြောင်း
တုံယမ်းနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
(အခဲဆိုရေဖျော်သုံးပါ)
ပုဇွန် - ၅ ကောင် (နှစ်သက်ရာအသား)
စပါးလင် - တစ်ပိုင်း
ရှောက်ရွက် - နှစ်ရွက်
ပဒဲကော - ၃ပြား
ငရုပ်သီးစိမ်း - နှစ်တောင့်
ငံပြာရည်  - ဇွန်းတဝက် စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ခရမ်းချဉ်သီး - သူံးမြောင်း
သခွားသီး - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ထမင်းဖြူတစ်ပွဲကိုအအေးခံထားပါ။ပုဇွန်ကိုကျောခွဲသန့်စင်ထားပါ။ကြက်သွန်ပါးပါးစိတ်၊ကြက်သွန်ဖြူငရုပ်သီးစိမ်းသေးသေးစိတ်၊စပါးလင်ကိုအတွင်းနုသည့်အပိုင်းထိခွာပြီးပါးပါးလေစိတ်ထားပါ။ပဒဲကောပါးပါးစိတ်ထားပါ။ရှောက်ခါးရွက်ကိုလည်းအမျှင်လေးဖြစ်အောင်စိတ်ထားပါ။ကြက်ဥကိုခေါက်ထားပါ။ခရမားချဉ်သီးစိတ်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပြီးဆီအနည်းငယ်ဖြင့်အိုးကင်းကပ်ပါးပါးလေးကြော်ပြီးအပြင်ထုတ်ကာအမျှင်လေးများစိတ်ထားပါ။တခါတည်းရောကြော်လိုကကြော်ပါ။
(၂)ဆီတစ်ဇွန်းထည့်ပြီးပုဇွန်ကြာ်ပြီးဖယ်ထုတ်ထားပါ။
(၃)ဆီတစ်ဇွန်းထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊စပါးလင်၊ပဒဲကော၊ရှောက်ရွက်တို့ကိုဆီသပ်ပါ။တုံယမ်းအနှစ်ထည့်ပြီးဆီသပ်ပါ။
(၄)ထမင်းဖြူထည့်ပါ။ငံပြာရည်၊ခရုဆီထည့်ပြီးသမအောင်မွေပေးပါ။
(၅)အရသာအပေါ့အငံမြည်းကာကြက်ဥ၊ပုဇွန်၊ခရမ်းချဉ်သီး၊ငရုပ်သီးတို့ကိုထည့်ပြီးသမအောင်မွေပေးပြီးပန်းကန်တွင်တည်ခင်းကာနံနံပင် ၊သခွားသီးနှင့်တွဲဖက်၍အရသာရှိလှသောတုံယမ်းထမင်းကြော်ကိုသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...