30 May 2015

ထိုင်းထမင်း​ကြော်

Fried Rice Thai Style

ပါဝင်ပစ္စည်း
******
ထမင်းဖြူ - တစ်ပွဲ
ဘဲဥ သို့ ကြက်ဥ - တစ်လုံး
ကြက်သား ၊ ပင်လယ်စာ - လိုသလောက်
ကြက်သွန်နီ - တစ်ခြမ်း
ခရမ်းချဉ်သီး - တစ်ခြမ်း
ကိုက်လန် - ၃ပင်
ပဲငံပြာရည် - တစ်ဇွန်း စားပွဲတင်ဇွန်း
ငံပြာရည် - ဇွန်းတဝက်
ခရုဆီ - တစ်ဇွန်း
အနောက်ရည်(ပဲငံပြာရည်) - အနည်းငယ်
သကြားအချိုမှုန့် - လ္ဘက်ဇွန်းတစ်ဇွန်း (ဟင်းခပ်မှုန့်သကြား)
ငရုပ်ကောင်း -အနည်းငယ်
ဆီ - ၂ဇွန်း
(၁)ကြော်မည့်ထမင်းကိုအအေးခံထားပါ။ဘဲဥသို့ကြက်ဥခေါက်ထားပါ။ကြက်သွန်နီပါးပါးစိတ်ထားပါ။ခရမ်းချဉ်သီးအမြောင်းစိတ်ထားပါ။ကိုက်လန်ကိုလှီးပြီးရဆေးထားပါ။ကြက်သားသို့ပင်လယ်စာတို့ကိုအဆင်သင့်လှီးဖြတ်ထားပါ။
(၂)အားလုံးအဆင်သင့်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါကကြက်သွန်ချကြော်ပါ။
(၃)ကြက်သားပင်လယ်စာထည့်ပါ။ဘဲဥသို့ကြက်ဥထည့်ပြီးမွေပေးပါ။
(၄)အသားကျက်ပါကထမင်း၊ကိုက်လန်နှင့် ခရမ်းချဉ်သီးထည့်ပါ။
(၅)အရသာဖြည့်စွက်ပြီး ခရမ်းချဉ်သီးမကြေအောင်မွေပေးပါ။
အစပ်သားလိုက ငရုပ်သီးဓားပြားရိုက်ထည့်ပါ။
(၆)အရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းပြီး ငရုပ်သီးငံပြာရည်စိမ်၊သခွားသီး၊သံပုရာသီးတို့ဖြင့်တွဲပြီးသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...