16 May 2018

ပင်လယ်စာတုံယမ်းဟင်းချို

 Seafood Tom Yum
တုံယမ်းဟင်းချိုကိုဒေသအလိုက်မတူညီတဲ့ပုံစံအမျိုးမျိုးချက်ကြပါတယ်။
ဆိုဖီယာရဲ့ယိုးဒယားဆရာနှစ်ယောက်ချက်တာလည်းတမျိုးဆီပါတယောက်ကနို့စိမ်းနဲ့အုန်းနို့သုံးတယ်။တယောက်ကမသုံးပါ။ဆိုဖီယာကတော့မထည့် တာပိုကြိုက်လို့ဒီနည်းကိုဘဲတင်ပေးလိုက်ပါတယ်။သူငယ်ချင်းတို့လည်းမတူတာတွေရှိခဲ့မယ်ဆိုမိမိကြိုက်နှစ်သက်ရာနည်းနဲ့ချက်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*******(၂ပွဲစာ)
ကြက်ပြုတ်ရည် သို့ ရေ - တစ်လီတာ
ကြက်သွန်နီကြီးကြီး - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
စပါးလင် - နှစ်ချောင်း
ပဒဲကော- ၅ပြား
ရှောက်ခါး၇ွက် - ၄ရွက်
မှို - ၅လုံး (ကောက်ရိုးမှို)
ကြက်သား သို့ ပုဇွန် ပင်လယ်စာ - တစ်ပန်းကန်
ငရုပ်သီးစိမ်း - ဆယ်တောင့်
သံပုရာသီး - တစ်လုံး (စားပွဲဇွန်း၂ဇွန်း)
ယိုးဒယားငံပြာရည် - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
တုံယမ်းအနှစ် - နှစ်ဇွန်း
အခဲထည့်လိုက၂ခဲ ထည့်ပါ
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာပါဝင်ပစ္စည်းများအားလုံးကိုပြင်ဆင်လှီးဖြတ်ထားရပါမယ်။ကြက်သွန်ကိုအနေတော်အတုံးဖြတ်ထားပါ။ခရမ်းချဉ်သီးကိုအမြောင်းကြီးကြီးလှီးထားပါ။ကောက်ရိုးမှိုကိုလေးစိတ်စိတ်ထားပါ။စပါးလင်ကိုအပြင်ခွံခွာပြီးခပ်စောင်းစောင်းထူထူလှီးဖြတ်ထားပါ။ပဒဲကောကိုပါးပါးလှီးထားပါ။ကြက်သားကိုအနေတော်အတုံးလှီးဖြတ်ထားပါ။ပုဇွန်ကိုသန့်စင်ထားပါ။ပင်လယ်စာထည့်လိုပါကပြင်ဆင်လှီးဖြတ်ထားပါ။
2.အားလုံးအဆင်သင့်ဖြစ်ပါကအိုးတခုတွင်ကြက်ပြုတ်ရည် သို့ ရေကိုထည့်ပါ။ကြက်သွန်နီ၊စပါးလင်၊ပဒဲကော၊မှို ကြက်သားထည့်လိုကထည့်ပါ။တုံယမ်းအနှစ်ထည့်ပြီးမီးဖိုပေါ်တည်ပါ။
3.ငံပြာရည်ထည့်ပါ။ဟင်းခပ်မှုန့်ထည့်ပါ။
4.ဆူပွက်ပါကရှောက်ရွက်၊ပုဇွန်နှင့်ခရမ်းချဉ်သီးထည့်ပြီးပြန်လည်ဆူပွက်သည်ထိထားပါ။
5.ပြန်လည်ဆူပွက်လာပါကအရသာအပေါ့အငံမြည်းကာမီးပိတ်ပြီးသံပုရာရည်နှင့်ငရုပ်သီးစိမ်းထည့်ကာချဉ်ငံစပ်အရသာပြင်ပြီးနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ရှောက်ရွက်၊ခရမ်းချဉ်သီး၊ပုဇွန်နှင့်ပင်လယ်စာကိုချခါနီးမှထည့်ပါ။ နောက်ဆုံးသုံးဆောင်မည့်အချိန်မှသာငရုပ်သီး၊သံပုရာသီးထည့်ပါ။ငံပြာရည်မထည့်ခင်သံပုရာရည်မထည့်ရ။ဟင်းချိုကောင်းကောင်းရဖို့အတွက် ဒီအချက်လေးတွေကိုသတိထားပြီးထည့် ကြည့်ပါနော်။
..........
Sofia
http://sofiafoodparadise.blogspot.com

2 comments:

  1. snow peak titanium spork for sale
    snow peak titanium spork titanium muffler for sale · 1.75 oz. for Sale · 2.80 oz. titanium legs for Sale · 3.80 oz. for Sale · 4.00 oz. for Sale · titanium eyeglass frames 5.00 trekz titanium pairing oz. for Sale · 6.00 titanium mug oz.

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...