Toothpick Mutton
တရုတ်အစားအစာတမျိုးဖြစ်တဲ့ငါးမျိုးမဆလာ
တုတ်ထိုးအသားကြော်အစပ်ဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့အသားရဲ့နူးညံ့မှုရယ်အသားဖတ်လေးများကိုတုတ်ချောင်းလေးများဖြင့်ထိုးပြီးကြော်ထားသည့်အတွက်အဆာပြေစာအဖြစ်သုံးဆောင်နိုင်သလိုဟင်းတခွက်အဖြစ်လည်းတည်ခင်းနိုင်ပါတယ်။ဆိတ်သားအမဲသားတို့ဖြင့်ပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ဆိတ်သားနုနု - ၂၀၀ ဂရမ်
ဂျင်း - လက်တဆစ်
ငါးမျိုးမဆလာ - တစ်ဇွန်း စားပွဲဇွန်း
(ရှောက်ကော၊ပါကော၊ဟွားကျောက်)
ဆား - လ္ဘက်ဇွန်း တဝက်
ဟင်းခပ်မှုန့် - အနည်းငယ်
ကြက်သွန်နီ - တစ်လုံး optional
ငရုတ်ခြောက်/စို
နံနံပင် - အနည်းငယ်
ဆီ - ၄ဇွန်း
သွားကြားထိုးတံ
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာနူးညံသောအသားကိုခပ်ပါးပါးစောင်းစောင်းလှီးဖြတ်ထားပါ။ဂျင်းမျှင်မျှင်လှီးထားပါ။ကြက်သွန်ထည့်လိုပါကအတုံးခပ်ကြီးကြီးလှီးဖြတ်ထားပါ။
2.လှီးထားသောအသားကိုဆားဟင်းခပ်မှုန့်ငါးမျိုးမဆလာလှီးထားသောဂျင်းတို့ဖြင့်သမအောင်နယ်ပြီးမိနစ်၃၀ခန့်နှပ်ထားပါ။
3.နှပ်ထားပြီးသောအသားကိုတဖတ်ဆီသွားကြားထိုးတံဖြင့်ထိုးထားပေးပါ။
4.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ငရုတ်သီးကိုအရောင်ပြောင်းရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
5.လက်ကျန်ဆီဖြင့်အရသာနယ်တုတ်ထိုးထားသောအသားကိုမီးပြင်းပြင်းဖြင့်ကြော်ပေးပါ။
6.အသားခြောက်သွားပါကဖယ်ထားသောကြက်သွန်ငရုတ်သီးနံနံပင်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
No comments:
Post a Comment