16 February 2017

ဆွမ်းမွေးထမင်း

 Pandan Rice
အုန်းထမင်းထောပတ်ထမင်းနည်းတူချက်စားနိုင်တဲ့ဆွမ်းမွေးထမင်းလေးဖြစ်ပါတ ယ်။သင်းပျံ့တဲ့ဆွမ်းမွေးထမင်းလေးကိုငါးပိထောင်းစပ်စပ်နဲ့တွဲဖက်လို့
မိသားစုအတွက်အပြောင်းအလဲချက်စားနိုင်ဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်း
************
ဆန် -  ၅ခွက် ပေါင်းအိုးဆန်ချိန်ခွက်
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
ဆွမ်းမွေးရွက် - ၃ပင်
ဆွမ်းမွေးအနှစ် - တစ်ဇွန်း လ္ဘက်ဇွန်း
ရေ - ၆ခွက်ခွဲ
ဆီ - ၅၀ ml
တွဲဖက်စားရန်
**********
မြေပဲဆန်ကြော်
ကြက်ကြော်
Sambal Chilli
သခွားသီး
ခရမ်းချဉ်သီး
ကြက်ဥပြုတ် / ကြက်ဥကြော်
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ဆန်ကိုရေဆေးပြီးဆွမ်းမွေးရွက်ကိုထုံးထည့်ပါ။ဆီဆားသကြားထည့်ပါ။
ရေနှင့်ဆွမ်းမွေးဆီထည့်ပြီးသမအောင်မွေပေးပြီးတည်ပါ။ (၂)ဆယ်မိနစ်ခန့်တွင်အထက်အောက်တချက်မွေပေးပါ။
(၃)ထမင်းကျက်ပါကငှက်ပျောဖက်သို့ပန်းကန်တွင်တည်ခင်းပြီးတွဲဖက်စားမည့်ကြက်ဥ၊ကြက်ကြော်၊သခွားသီး၊၊sambal chilliတို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀ဆွမ်းမွေးရွက်ကိုကြိတ်ပြီးအရည်စစ်ယူကာဆွမ်းမွေးအနှစ်အစားအသုံးပြုနိုင်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...