16 February 2017

ပဲပုတ်ထောင်း

 နမ့်ဖစ်
 ရှမ်းရိုးရာအစားအစာပဲပုတ်ထောင်းပုံစံအမျိုးမျိုးထဲကတမျိုးဖြစ်ပါတယ်။အရေကြဲကြဲရှမ်းပဲပုတ်ထောင်းကိုထမင်းပူပူမှာစမ်းပြီးတို့စရာအသီးအရွက်သို့မဟုတ်အရွက်ကြော်တမျိုးနဲ့တင်အလွန်ထမင်းမြိန်စေတဲ့နမ့်ဖစ်လို့ခေါ်တဲ့ရှမ်းပဲပုတ်ထောင်းလေးဖြစ်ပါတယ်။ထောင်းစားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ရှမ်းပဲပုတ် - ဆယ်ချပ်
ငရုတ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - ၅မြောင်း
မြေပဲဆန်လှော် - လက်တစ်ဆုပ်
ရေနွေးပူပူ - တစ်ခွက်
ဆား - အနည်းငယ်
နံနံပင် - အနည်းငယ်
တွဲဖက်တို့စရာအသီးအရွက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရှမ်းပဲပုတ်ကိုမီးကင်ထားပါ။မြေပဲဆန်ကိုလှော်ထားပါ။
(၂)ငရုပ်ဆုံတွင်ငရုပ်သီးကြက်သွန်ဖြူထည့်ထောင်းပါ။ပဲပုတ်နှင့်မြေပဲဆန်လှော်ကိုလည်းထောင်းပါ။
(၃)အားလုံးကြေညက်ပါကပန်းကန်တခုတွင်ထည့်ပြီးရေနွေးပူလောင်းထည့်ပြီးလိုချင်သောအပျစ်အကြဲအနေအထားပြုလုပ်ပါ။
(၄)နံနံပင်သေးသေးစိတ်ထည့်ပြီးအရသာအပေါ့အငံမြည်းကာအသီးနှံတို့စရာအရွက်ကြော်တို့ဖြင့်တွဲဖက်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...