6 December 2016

ကိုးရီးယားထမင်းသုပ်

Bibimbap
(Korean Mixed Rice with Meat and Assorted Vegetables)
ကိုးရီးယားအစားအစာတွေကဆိုဖီယာနဲ့သိပ်မနီးစပ်လှပါဘူးမြန်မာပြည်မှာတော့ကိုးရီးယားကားတွေကြည့်ဖြစ်ကြတော့သူတို့စားနေကျရိုးရာစာလေးတွေနဲ့မိတ်ဆက်ပေးတော့အတော်များများကမြည်းစမ်းကြည့်ချင်ကြမယ်ထင်ပါတယ်။ကိုးရီး ယားစားသောက်ဆိုင်များလည်းဒေသတိုင်းမှာမရှိကြသေးတော့တချို့သောသူများအတွက်မြည်းစမ်းဖို့အခွင့်မရကြဘူးပေါ့။စင်္ကာပူမှာတော့ food courtတိုင်းလိုမှာကိုးရီးယားဆိုင်လေးတွေရှိတတ်လို့အချိန်မရွေးစားဖို့လွယ်ကူလှပါတယ်။မေးလာတဲ့ညီမငယ်များအတွက်လေ့လာပြီးတင်ပေးလိုက်ပါတယ်။အသီးအနှံအသားတစုံကိုငရုတ်သီးအနှစ်နဲ့နယ်ပြီးစားရတဲ့ထမင်းသုပ်လေးကတကယ်လည်းစားလို့အရသာရှိထမင်းသုပ်လေးဘဲဖြစ်ပါတယ်။နိုင်ငံတကာကမက်မက်မောမောစားနေကြတဲ့အစားအစာတခုဟာဖြင့်ကျန်စုကြော်တို့ဟင်းပေါင်းတို့ကနေအစပြုခဲ့တဲ့သူတို့ရိုးရာစာလေးဖြစ်ပါတယ်။ကဲလုပ်စားကြည့်ရအောင်နော်...
ပါဝင်ပစ္စည်း (၅ပွဲစာ)
မုန်လာဥနီ - တစ်တောင့်
ရှိတာခီမှို - ၂၀၀ ဂရမ်တစ်ထုပ်
ပဲပင်ပေါက် - ၂၀၀ ဂရမ်
ဖရုံသခွား - တခြမ်း
သခွားသီး - တစ်လုံး
ဟင်းနုနွယ်ရွက် -
နှစ်သက်ရာအသား -၂၀၀ ဂရမ်
ပဲငံပြာရည် အကြည်-၂ဇွန်း စားပွဲဇွန်း
ဆား - ၂ဇွန်း လ္ဘက်ဇွန်း
နှမ်းလှော် - တစ်ပန်းကန်
နှမ်းဆီမွေး - တစ်ပန်းကန်
ဆီ - အနည်းငယ်
ကြက်ဥ - ၅လုံး
ငရုတ်သီးဆော့စ် - တစ်ပန်းကန်
ထမင်းဖြူ - ၅ပွဲ
ရေညှိခြောက် - တစ်ထုပ်
ပြင်ဆင်ပြုလုပ်ပုံ
1.ဦးစွာအသုံးပြုမည့်အသားကိုပါးပါးလှီးပြီးပဲငံပြာရည်ဆားဆီမွေးငရုတ်ကောင်းထည့်ပြီးနယ်ထားပါ။အမဲသားကိုအသုံးများကြပြီးမိမိနှစ်သက်ရာအသားအစားထိုးပါ။အခုလုပ်ထားတာအသားတုနဲ့လုပ်ထားခြင်းဖြစ်ပါတယ်။
2.ပါဝင်သီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးအမျှင်အချောင်းလေးများလှီးဖြတ်ကာသီးသန့်ဆီတပန်းကန်စီထည့်ထားပါ။
3.သခွားသီးအချောင်းလေးများကိုဆားနယ်ပြီးခဏထားကာရေဆေးကာရေညစ်ထားပြီးပန်းကန်ပြားအကြီးတွင်ထည့်ပါ။
4.ဟင်းနုနွယ်ရွက်ကိုသင်ပြီးရေနွေးဖျောကာရေစစ်ပြီးရေညစ်ထားပါ။မုန်ညင်းနုနုအသုံးပြုထားပါတယ်။
5.အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတခုကိုအပူပေးကာဆီထည့်ပြီးမုန်လာဥအမျှင်လှီးထားသည်ကိုထည့်ကြော်ပါ။ဆားအနည်းငယ်ဖြူးပြီးကြော်မိပါပန်းကန်ပြားအကြီးတချပ်တွင်တစ်ပုံထားပါ။
6.ကျန်ပဲပင်ပေါက်၊ရှိတာခီမှို၊ဖရုံသခွားတို့အားလုံး ကိုလည်းထိုနည်းတူကြော်ပြီးပန်းကန်တွင်ထည့်ပါ။
7.ဟင်းနုနွယ်ရွက်ကိုပဲငံပြာရည်၊ဆီမွေးနှင့်နှမ်းေ လှာ်ထည့်ပြီးသမအောင်မွေကာကြော်ပေးပါ။
8.နောက်ဆုံးတွင်အရသာနယ်ထားသောအသားကိုကြော်ပါ။ပန်းကန်းသို့မဟုတ်ဘမ်းတွင်အားလုံးသောအသီးအရွက်ကြော်တို့ကိုတပုံစီစီထည့်ထားပြီးနှမ်းဆီနှင့်နှမ်းတို့ကိုဖြူးပေးပါ။
9.အချို့ကကျောက်ဖြင့်ပြုလုပ်သောပန်းကန်အပူကိုအသုံးပြုပြီးတည်ခင်းပါတယ်။ပုံမှန်ပန်းကန်ဖြင့်လ ည်းတည်ခင်းနိုင်ပါတယ်။
9.အားလုံးအသင့်ဖြစ်ပါကကြွေပန်းကန်လုံးသို့မဟုတ်ကျောက်ပန်းကန်အပူတွင်ထမင်းထည့်ပါ။ကျောက်ပန်းကန်အပူသုံးပါကနှမ်းဆီလူးပြီးမှထမင်းထည့်ပါ။
10.အပေါ်မှကြော်ထားသောသီးနှံအသားတို့ကိုအစီအရီထည့်ပေးပါ။ရေညိအမျှင်လေးများထည့်ပါ။နှမ်းဖြူးပါ။
11.ကြက်ဥအစိမ်းသို့မဟုတ်မကျက်တကျက်ကြော်ပြီးအပေါ်မှတင်ပေးကာပဲငံပြာရည်၊ငရုတ်သီးဆော့ စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀နှစ်သက်ရာအသားတမျိုးနှင့်အသီးအရွက်၆မျိုး၇မျိုးကိုသုံးနိုင်ပါတယ်။
❀ငရုတ်သီးအနှစ်ပြုလုပ်ရန်readymade ကိုရီး ယားငရုတ်နှစ်ကိုနှမ်းဆီ၊နှမ်းလှော်၊သကြား၊ရှာလ ကာရည်ကြက်သွန်ဖြူနုတ်နုတ်စင်းတို့ကိုထည့်ပြီးလိုချင်သောချဉ်ငံစပ်အရသာကိုပြုလုပ်ပါ။
❀အသင့်သုံးငရုတ်သီးအနှစ်တွင်ပဲငါးပိအရသာပါ ဝင်ပြီးဖြစ်ပါတယ်။
❀ငရုတ်သီးအနှစ်ဝယ်ယူရန်အခက်အခဲရှိပါကရှမ်းချဉ်ဆိုင်မှပဲငါးပိအနှစ်ကိုပင်ကြိတ်ပြီးအထက်ပါနည်းအတိုင်းရောစပ်ကာမြန်မာမှုပြီးအသုံးပြုနိုင်ပါတယ်။
..........
Sofia

http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...