26 October 2016

ငါးမျှစ်ချဉ်

Fish Curry With Pickle Bamboo Shoot
ရှမ်းပြည်ကငါးမျှစ်ချဉ်ဟင်းလေးဖြစ်ပါတယ်။စပ်ရှိန်း ရှိန်းအရသာဖြစ်ပြီးမျှစ်ချဉ်နဲ့ငါးတို့ပေါင်းဖက်ထားတဲ့ထမင်းမြိန်စေမဲ့ဟင်းတခွက်ဖြစ်ပါတယ်။ရှမ်းပြည်မှာတော့အတော်များများဆိုင်များမှာရောင်းလေ့ရှိပါပြီးကောက်ညင်းပေါင်းနဲ့တွဲဖက်စားလို့လည်းလိုက်ဖက်လှပါတယ်။ချက်စားကြည့်ရအောင်ေ နာ်။
ပါဝင်ပစ္စည်း
********
ငါး (ကကတစ်) - တစ်ကီလို
မျှစ်ချဉ် - ၃၅၀ ဂရမ်
ကြက်သွန်နီ - ၃လုံး
ခရမ်းချဉ်သီး - ၃လုံး
ကြက်သွန်ဖြူ - တစ်ဥ
ဂျင်း - လက်တစ်ဆစ်
ငရုတ်သီးစိမ်း - ၅တောင့်
ဖက်ဖယ်ရွက်- တစ်စည်း
နံနံပင် - အနည်းငယ်
နနွင်း - အနည်းငယ်
ဆီ - နှစ်ဇွန်း
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာနှစ်သက်ရာငါးကိုရေဆေးသန့်စင်ပြီးအနေတော်အတုံးလှီးဖြတ်ကာဆားဟင်းခပ်မှုန့်ဖြင့်နယ်ထားပါ။
2.မျှစ်ချဉ်ကိုရေဆေးပြီးရေနွေးဖြင့်တပွက်ဆူပြုတ်ပြီးလိုသလိုလှီးဖြတ်ထားပါ။
3.ခရမ်းချဉ်သီးကြက်သွန်သေးသေးစိတ်ထားပါ။
4.ဂျင်းကိုအမျှင်လေးများလှီးဖြတ်ထားပြီးငရုတ်သီးနှင့်ကြက်သွန်ဖြူကိုရောပြီးထောင်းထားပါ။
5.အားလုံးအသင့်ဖြစ်ပါကချက်မည့်အိုးတွင်ခရမ်းချဉ်သီးကြက်သွန်နီဂျင်းကြက်သွန်ဖြူငရုတ်သီးမျှစ်တို့ကိုထည့်ပါ။ဆားဟင်းခပ်မှုန့်နနွင်းဆီအနည်းငယ်ထည့်ပြီးလုံးချက်ချက်ပေးပါ။
6.ခရမ်းချဉ်သီးကြက်သွန်နွမ်းလာပါကရေထည့်ပြီးတည်ထားပေးပါ။
7.အနှစ်ကျလာပါကဆားနယ်ထားသောငါးကိုထည့်ပြီးသမအောင်မွေပါ။ရေကိုငါးမြုတ်ရုံလောက်ထည့်ပေးပြီးတည်ထားပါ။
8.ရေအနည်းငယ်ခမ်းလာပါကအရသာအပေါ့အငံမြည်းကာဖက်ဖက်ရွက်နှင့်နံနံပင်ထည့်ပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...